ပညာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၃.၆.၂၀၂၅ ရက်နေ့တွင် နေ့လည် ၄:၃၀ အချိန်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့နှင့် လွိုင်ကော်မြို့တို့မှ စစ်ဘေးရှောင် ရပခ၊ တိုင်းမှ တာဝန်ယူကာ မဆရ(၂)တွင် စောင့်ရှောက်ထားသည့် ကျောင်းသား ၃၅ ဦးအား မိုးရာသီတွင်လိုအပ်သော ထီး ၃၅ လက်အား ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၈ ဦးတို့က သွားရောက်လှူဒါန်းကာ ဥက္ကဌမှ ကျောင်းသားကလေးများအား စိတ်ခွန်အားမြှင့်တင်စေရေးအတွက် အားပေးစကားပြောကြားခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၆.၆.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်  ၄ ဦးတို့သည် မကွေးမြို့ သမဝါယမစာရင်းရေး/စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်းတွင်ပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဖွင့်ပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်ဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၆.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် MMH ကိုယ်ပိုင်ကျောင်းရှိ မူလတန်း၊ မူကြိုကျောင်းသား/ သူများအတွက် သင်ထောက်ကူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၃.၆.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် ​မြောင်းမြပရိယတ္တိစာသင်တိုက်ရှိ စာသင် သံဃာ​တော်တို့အား ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် စာ​ရေးကိရိယာများ ဝယ်ယူနိုင်ရန်အတွက် အလှူ​​ငွေ ၂ သိန်းကျပ် သွားရောက်လှူဒါန်းကြပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၃.၆.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့်အတူ တိုင်းအဖွဲ့ဝင်များသည် ပဲခူးမြို့ ၊ ဇိုင်းတောင်ဝင်္ဂဘာလမ်း၊ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်မိသားစုများ၏ သား/သမီးများအား ပညာဆက်လက် သင်ကြားစေလိုသည့် ရည်ရွယ်ချက်များနှင့် ဇိုင်းတောင် မူလွန်ကျောင်း၊ အ.ထ.က( ၄ ) တို့တွင် မူလတန်းကျောင်းသား/သူများနှင့် အထက်တန်းကျောင်းသား/သူများအား ကျောင်းအပ်နှံပေးခြင်း၊ ကျောင်းဝတ်စုံ၊ အပိုဝတ်စုံများ၊ ကျောပိုးအိတ်၊ ထီး၊ ဆွဲခြင်း၊ ထမင်းဘူး၊ စာအုပ်၊ ပုံနှိပ်စာအုပ်၊ ခဲတံ၊ ကွန်ပါဗူး၊ ရေဗူးတို့ကို ကျောင်းသား/သူ ၁၂ ဦးအား

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၂.၆.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF-SSS)၏ (၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် ဥက္ကဌဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင်များ စုစုပေါင်း ၁၈ ဦးတို့က ပဒုမ္မာစာရီ ပရိယတ္တိသီလရှင်စာသင်တိုက်ရှိ သီလရှင်ဆရာလေး/ဆရာကြီး ၉၁ ပါးတို့အား နဝကမ္မငွေ ၂၀၀,၀၀၀/-ကျပ်၊ ဆန်(၃)အိတ်၊ ဆီ(၂)ပုံးလှူဒါန်းခြင်းနှင့် စာသင်သီလရှင်လေးများအား စာအုပ်၊ ဘောပင်၊ ခဲတံများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းငွေ ၁,၂၃၅,၀၀၀/- ကျပ်ဖြစ်ပါသည်။