လူမှုရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၉ ဦးတို့သည် ၁၄.၁.၂၀၂၆ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာတွင်ကျင်းပသည့် ခေါင်းဆောင်မှုအမြင်ဖွင့်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး လိုအပ်သောဝေယျာဝစ္စများ ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်မော်မော်ရှိန်သည် ၁၂.၁.၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ် (၆၅)၊ ကျိုက်ဝိုင်ဘုရားလမ်း “လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း”၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် Excellent Myanmar Advisory Group (Alpha) Company Limited တို့ လက်တွဲပူးပေါင်း၍ အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ရည်ရွယ်ဦးတည်ဖွင့်လှစ်သည့် “သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား” သို့တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ နယာက၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ CEC များနှင့် ပြည်နယ်/တိုင်းများမှ ဥက္ကဌနှင့် အဖွဲ့ဝင်များစုပေါင်း၍ နေပြည်တော်၊ ပျဉ်းမနားမြို့၊ တပေါင်းကွင်းမှ ယာယီမီးဘေးကယ်ဆယ်ရေးစခန်းသို့ ၁၂.၁.၂၀၂၆ ရက်နေ့တွင်သွားရောက်၍ မီးဘေးသင့်အိမ်ထောင်စု ၆၂ စုအား  တစ်အိမ်ထောင်လျှင် ၁၀၀,၀၀၀/-ကျပ်၊ ခေါက်ဆွဲခြောက်ထုပ်များ လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။ ထို့နောက် ကယ်ဆယ်ရေးစခန်း၌ တာဝန်ယူဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ (ထွေအုပ်၊ ကျန်းမာရေး၊ ရဲ၊ မီးသတ်၊ စည်ပင်၊ ရ.ဝ.တ၊ စေတနာ့ဝန်ထမ်း)အဖွဲ့ ၄၇ ဦးအား

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၄.၁.၂၀၂၆ ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ တပေါင်းကွင်းတွင်ရောက်ရှိနေကြသော ယာယီမီးဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်ပြီး မီးဘေးသင့်ပြည်သူများထံသို့ ခေါက်ဆွဲခြောက်ထုပ်များ၊ ကော်ဖီမစ်များ၊ ရေသန့်ဗူးများ၊ မုန့်များ၊ အလှူငွေ ၅၀၀,၀၀၀ ကျပ် လှူဒါန်းထောက်ပံ့ခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၁,၀၀၀,၀၀၀ ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ၁.၁.၂၀၂၆ ရက်နေ့တွင် ပျဉ်းမနားဘိုးဘွားရိပ်သာမှာကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာတော် (၁၀၈)ပါး၊ သီလရှင် (၅၀)ပါးနှင့် အဖိုးအဖွား(၃၉)ဦးတို့အား မျက်နှာသုတ်ပဝါများ ပါဝင်လှူဒါန်းကုသိုလ်ပြုခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ၁.၁.၂၀၂၆ ရက်နေ့တွင် ထားဝယ်ဘိုးဘွားရိပ်သာရှိ အဖိုး ၃ ဦး၊ အဖွား ၁၇ ဦးတို့အတွက် အာဟာရဒါနအဖြစ် ကြက်ဥကြာဇံပြုတ်၊ လက္ဘက်ရည်နှင့် မုန့်များကျွေးမွေးလှူဒါန်းပြီး တစ်ဦးလျှင် ၅,၀၀၀ ကျပ်စီဖြင့် အဖိုးအဖွား ၂၀ ဦးအား လှူဒါန်းထောက်ပံ့ခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၁၈၀,၀၀၀ ကျပ်ဖြစ်ပါသည်။