လူမှုရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာသို့သွားရောက်၍ ဆန်အိတ်နှင့် ထမင်းပေါင်းအိုး ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုငွေစုစုပေါင်း ၇၇၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူး တို့သည် ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် “ ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း

အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် လုပ်အမှုဆောင်များသည် ၁၆.၁၁.၂၀၂၅ ရက်နေ့တွင် ဆိပ်ကမ်းသာလမ်းရှိ MWCDF ရုံးချုပ်၌ သံဃာတော်(၃)ပါးပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ သင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ကာ ရေစက်ချအမျှပေးဝေခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှုငွေ ၆၀၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ၇.၁၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ အ.ထ.က (၃)ခန်းမတွင်ကျင်းပပြုလုပ်သော ထားဝယ်ရိုးရာယဉ်ကျေးမှုအက အခြေခံအကကွက်နှင့် အကဟန်များသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ကျွေးမွေးလှူဒါန်းခြင်း

ကျွေးမွေးလှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၅.၁၁.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာ၌ကျင်းပပြုလုပ်သော တန်ဆောင်တိုင်မီးထွန်းပွဲ၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွင် စတုဒီသာအဖြစ်မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ ၃၇၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အခမ်းအနားကျင်းပခြင်း

အခမ်းအနားကျင်းပခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ၃.၁၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ လောကမာရဇိန့်ဘုရားကြီး ဂေါပကအဖွဲ့မှကြီးမှူးကျင်းပသော ရပ်ကွက်ပေါင်းစုံနှစ်ကျိပ်ရှစ်ဆူဘုရား မြို့လုံးပတ်လှည့်လည် ပူဇော်ပွဲနှင့် ထားဝယ်ရိုးရာယဉ်ကျေးမှုအကပွဲတွင် အသင်း ဥက္ကဌ မှ ဖဲကြိုးဖြတ်၍ ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ပါသည်။