လူမှုရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင် ၃ ဦးတို့သည် ၁၉.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့ ညောင်အင်းကျေးရွာ  အလယ်တန်းကျောင်းတွင်ကျင်းပပြုလုပ်သော ကရင်အမျိုးသားနေ့နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်မော်မော်ရှိန်၊ အတွင်းရေးမှူး ဒေါ်ခင်သီတာထွန်း နှင့် အမှုဆောင် ဒေါ်ချစ်စု တို့သည် ၁၈.၁၂.၂၀၂၅ ရက်နေ့တွင် အင်စိန်မြို့နယ်ရှိ ဓမ္မဝါဒီသီလရှင်စာသင်တိုက်ရှိ သီလရှင် (၈၁)ပါးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မိသားစုများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းလှူဒါန်းပွဲတွင် အသင်းမှ အလှူငွေ ၃၀၀,၀၀၀/-ကျပ် လှူဒါန်းခဲ့ကြပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် ၁၇.၁၂.၂၀၂၅ ရက်နေ့တွင် အသင်းရုံးခန်းတွင် ကိန်းဝပ်စံပယ်တော့မူမည့်ဗုဒ္ဓရုပ်ပွားတော်အား အနေကဇာတင်လှူပူဇော်၍ သံဃာတော်များသီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များစုပေါင်း၍ ၈.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီး၏ ၃၉ ကြိမ်မြောက် သာသနာလက်ာရအကျော်စာမေးပွဲအောင်ဘွဲ့ လက်မှတ်ဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးနှင့် ပြည်ပနိုင်ငံတို့မှ ရဟန်းသာမဏေသီလရှင် ၂၈၅၇ ပါး ကြွရောက်ဖြေဆိုကြရာ စာဖြေရက်များတွင် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲများ၊ အအေးများနှင့် ဝတ္ထုငွေ ၂၀၀,၀၀၀ ကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ကူညီစောင့်ရှောက်မှုပေးရန်လိုအပ်လျက်ရှိသော မိသားစုများအတွက် ထောက်ပံ့ငွေများ၊ ခေါက်ဆွဲခြောက်များ၊ အမွှေးပွစောင်များ၊ အဝတ်အထည်များနှင့်ကလေးငယ်များအတွက် ကစားစရာပစ္စည်းအရုပ်အစုံပါဗူးများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာသို့သွားရောက်၍ ဆန်အိတ်နှင့် ထမင်းပေါင်းအိုး ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုငွေစုစုပေါင်း ၇၇၀,၀၀၀/-ကျပ် ဖြစ်ပါသည်။