သံဃာတော်များအား လှူဒါန်းခြင်း

(၂၀.၈.၂၀၂၂)နေ့၊ မဏ္ဍိုင်ဆရာတော်ဘုရားကြီး သက်တော်(၈၁)မွေးနေ့အလှူတွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များမှ သံဃာတော်အပါး-(၂၀၀)အား ဝတ္ထုငွေ၊ ဆွမ်းနှင့် အသင်းဗလာစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၂၀.၈.၂၀၂၂)နေ့၊ မဏ္ဍိုင်ဆရာတော်ဘုရားကြီး သက်တော်(၈၁)မွေးနေ့အလှူတွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များမှ သံဃာတော်အပါး-(၂၀၀)အား ဝတ္ထုငွေ၊ ဆွမ်းနှင့် အသင်းဗလာစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
(၁.၈.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF (ရုံးချုပ်)၌ သံဃာတော်များ ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
(၂၉.၇.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မိဘနှင့်ခင်ပွန်း ဖြစ်သူမှ စွန့်ပစ်ခံရပြီး ကလေးမီးဖွားနေသည့် အမျိုးသမီးများ အလှူငွေနှင့် လိုအပ်သော အဝတ်အထည်၊ ခြင်ထောင်များ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
(၂၅.၇.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုးအဘွား(၄၆)ဦးအား တစ်နေ့တာအာဟာရ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
(၁၄.၇.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ သပြေကုန်း ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား(၂၇)ဦးအား ဆေးဝါး၊ မုန့်နှင့် မနက်စာ-ထမင်း+ဟင်းများ သွားရောက် လှူဒါန်းကျွေးမွေးပြီး အားပေးစကား ပြောကြားခဲ့ပါသည်။
(၉.၇.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ငွေပျော်ကျေးရွာ၊ တိုက်ပွဲရှောင်မိသားစုများအတွက် အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။