လူမှုရေး

အလင်းအိမ်မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အလင်းအိမ်မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၃.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လားရှိုးမြို့၊ အလင်းအိမ်မိဘမဲ့ကျောင်းသို့ အလှူငွေ၊ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂.၃.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းတွင် နံနက်စာ အာဟာရထမင်းဟင်းဒါနပြုကျွေးမွေးလှူဒါန်းပြီး ဆရာတော်အား နဝကမ္မအလှူငွေနှင့် မုန့်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ရတနာ့မဉ္ဇူ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာ့မဉ္ဇူ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁.၁.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ရတနာ့မဉ္ဇူသီလရှင် စာသင်တိုက်သို့ နှစ်သစ်ဦးဆန်နှင့် နှစ်သစ်ဦးဆွမ်း သွားရောက်လှူဒါန်းခဲ့ပါသည်။

သာမဏေကျော်လင်္ကာရ စာမေးပွဲကြီးနှင့် စာစောင်သံဃာဆုနှင်းလှူဒါန်းပူဇော်ပွဲတွင် လှူဒါန်းခြင်း

သာမဏေကျော်လင်္ကာရ စာမေးပွဲကြီးနှင့် စာစောင်သံဃာဆုနှင်းလှူဒါန်းပူဇော်ပွဲတွင် လှူဒါန်းခြင်း

(၉.၁၂.၂၀၂၂)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓရက္ခိတသာမဏေကျော် အသင်းကြီးက သာသနာ ဗိမာန်တော်ကြီးတွင် ကျင်းပသော သာမဏေကျော်လင်္ကာရ စာမွေးပွဲကြီးနှင့် စာစောင်သံဃာဆုနှင်း လှူဒါန်းပူဇော်ပွဲအတွက် ပဲခူးတိုင်း MWCDF အသင်းမှ အလှူတော်ငွေ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

သက်ကြီးဘိုးဘွားတွေ့ဆုံကန်တော့ပွဲတွင် ပါဝင်လှူဒါန်းမှု

သက်ကြီးဘိုးဘွားတွေ့ဆုံကန်တော့ပွဲတွင် ပါဝင်လှူဒါန်းမှု

(၁၂.၁၁.၂၀၂၂)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်၊ ဗလမင်းထင်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားများ တွေ့ဆုံကန်တော့ပွဲသို့ ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များတက်ရောက်၍ ကျောင်းထိုင်ဆရာတော်အား နေ့ဆွမ်းဆက်ကပ်ခြင်း၊ အဘိုးအဘွား(၂၆)ဦးအား အလှူငွေနှင့် နေ့လည်စာအာဟာရများ လှူဒါန်းခဲ့ပါသည်။

ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

(၇.၁၁.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ရန်ကုန်တိုင်း၊ ပုလဲမြို့သစ်၊ ဆရာတော် အရှင်ဇယန္တဂရုဏာ ပရဟိတမဟာစည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သော စုပေါင်းမဟာဘုံကထိန်ပွဲ တွင် ကထိန်သင်္ကန်း၊ ဆွမ်းနှင့် ပဒေသာပင် ပါဝင်လှူဒါန်းခဲ့ပါသည်။