ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

(၇.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ လားရှိုးမြို့၌ ကျင်းပပြုလုပ်သော မြို့လုံးကျွတ်ကထိန်အလှူတော်မင်္ဂလာအတွက် ပဒေသာပင်တစ်ပင် လှူဒါန်းခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၇.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ လားရှိုးမြို့၌ ကျင်းပပြုလုပ်သော မြို့လုံးကျွတ်ကထိန်အလှူတော်မင်္ဂလာအတွက် ပဒေသာပင်တစ်ပင် လှူဒါန်းခဲ့ပါသည်။
(၂၆.၁၀.၂၀၂၂နေ့တွင် မြန်မာနို်ငငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ (ပဉ္စမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ဇောတိကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁.၁၀.၂၀၂၂)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ အသက်(၉၀)နှင့်အထက် ဘိုးဘွား(၆၇)ဦးအား အလှူငွေများ ကန်တော့ခဲ့ပါသည်။
(၁.၁၀.၂၀၂၂)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားသို့ မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ သက်ကြီး အဘိုးအဘွား(၇၂)ဦးအား အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ ကန်တော့ခဲ့ပါသည်။
(၁.၁၀.၂၀၂၂)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များ တက်ရောက်၍ သက်ကြီးအဘိုးအဘွားများအား ကန်တော့ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။
(၂၀.၈.၂၀၂၂)နေ့၊ မဏ္ဍိုင်ဆရာတော်ဘုရားကြီး သက်တော်(၈၁)မွေးနေ့အလှူတွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များမှ သံဃာတော်အပါး-(၂၀၀)အား ဝတ္ထုငွေ၊ ဆွမ်းနှင့် အသင်းဗလာစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။