လူမှုရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားသို့ ပဲခူးတိုင်းအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ပြည်ထောင်စုလွတ်တော်ရုံးတွင် ကျင်းပပြုလုပ်သော (၇၈)နှစ် မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၉.၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သန္တာရာမ သီလရှင်စာသင်တိုက်တွင် ပဌာန်းအောင်ပွဲအထိမ်းအမှတ်အဖြစ် ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်တော် ၊ ဆီ၊ ဆား၊ ဆေး၊ လစဉ်သုံးပစ္စည်းများနှင့် နဝကမ္မအလှူငွေ တစ်သိန်းကျပ်ကို နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစုပေါင်း၍ (၄၀၀,၀၀၀)ကျပ် လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၈.၁.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၁)လမ်း၊ လိပ်ပြာကန်သီလရှင် စာသင်တိုက်မှ၊ (၂၀၂၄)ခုနှစ်တွင် “ မဟာဂန္ထဝါစကပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော တိုက်အုပ်ဆရာကြီး ဒေါ်ကလျာသိင်္ဂီ (သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ မြို့နယ်သီလရှင် အမှု့ဆောင်အဖွဲ့ အကျိုးတော်ဆောင်)၏ ဂုဏဝိသိဌပူဇာမင်္ဂလာဂုဏ်ပြုပူဇော်ပွဲကိုကျင်းပရာ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တက်ရောက်ကြည်ညိုလှူဒါန်းခြင်း ကုသိုလ်ပြုခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၇.၁.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို)ရုံးချုပ်၌ပြုလုပ်သော ဘုရားအနေကဇာတင် အလှူ‌တော်မင်္ဂလာပွဲသို့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မရှိခဏကျောင်းတိုက်မှ ဆရာတော် နှင့် သံဃာတော်အရှင်သူမြတ်တို့ ကြွရောက်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး နဝကမ္မဝတ္ထု‌ငွေနှင့် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီးနောက် ဆရာတော်နှင့်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း နှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၇)သိန်းကျပ်ဖြစ်ပါသည်။