လူမှုရေး

ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်း

ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်း

(၅.၄.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဒုဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ရောက်ရှိလာသော နေရပ်စွန့်ခွါမိသားစုများအား ဒက္ခိဏသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးရုံးချုပ်၌ သွားရောက်တွေ့ဆုံ၍ ခေါက်ဆွဲခြောက်များ၊ ကော်ဖီမစ်များ၊ အချိုရည်များနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

နေရပ်စွန့်ခွါပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

နေရပ်စွန့်ခွါပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

(၂၉.၃.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ်၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဝိုင်းမော်မြို့နယ်၊ မိုင်းနားအုပ်စု၊ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအတွက် ဆန်၊ မာမားခေါက်ဆွဲ၊ ကလေးကစားစရာအရုပ်များနှင့် အမျိုးသမီးလုံချည်များ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

မဟာဝိသုတာရာမ သီဟိုဠ်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

မဟာဝိသုတာရာမ သီဟိုဠ်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၃.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မဟာဝိသုတာရာမ သီဟိုဠ်ကျောင်းတိုက် မိဘမဲ့၊ ပရိယတ္တိ၊ ပရဟိတကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး နဝကမ္မအလှူငွေ၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ လှူဖွယ်ခြင်းစုံ၊ စာရေးကိရိယာများလှူဒါန်းခြင်းနှင့် စာသင်သားကိုရင်လေးများကို အအေးနှင့်မုန့်များ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

လှူဒါန်းချီးမြှင့်ပွဲမင်္ဂလာအခမ်းအနား

လှူဒါန်းချီးမြှင့်ပွဲမင်္ဂလာအခမ်းအနား

(၂၄.၃.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီးတွင် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ မင်္ဂလာအခမ်းအနားသို့တက်ရောက်ကြပြီး ဆရာတော်ကြီး (၃၈)ပါးအား ဝတ္ထုငွေများဆက်ကပ်လှူဒါန်း ခဲ့ကြပါသည်။

စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူဒါန်းခြင်း အခမ်းအနား

စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူဒါန်းခြင်း အခမ်းအနား

(၂၄.၃.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်မွမ်းမံပြုပြင်ပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းမင်္ဂလာအခမ်းအနားတွင် ပါဝင်ကူညီလှူဒါန်းခဲ့ကြပါသည်။

အိမ်ထောင်စုများနှင့် လမ်းလုပ်သားများအား ထောက်ပံ့လှူဒါန်းခြင်း

အိမ်ထောင်စုများနှင့် လမ်းလုပ်သားများအား ထောက်ပံ့လှူဒါန်းခြင်း

(၁.၃.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဒုဥက္ကဌနှင့် CEC များသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကူညီထောက်ပံ့ရန်လိုအပ်သော အိမ်ထောင်စုများနှင့် လမ်းလုပ်သားများ စုစုပေါင်းလူဦးရေ (၅၀)ဦးအား ဆန်၊ ဆီ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် အဝတ်အထည်များကို ကိုယ်တိုင်လက်ရောက်ပေးလှူခဲ့ကြပါသည်။