လူမှုရေး

ရန်ကုန်တိုင်း MWCDF အသင်းမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

ရန်ကုန်တိုင်း MWCDF အသင်းမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

(၂၃.၈.၂၀၂၀)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် သုံးခွမြို့နယ်၊ ရဲနွဲ့ကျေးရွာရှိ ပညာရေးထူးချွန်ပြီး ပညာသင်ယူရန် အခက်အခဲရှိနေသည့် အမွှာကျောင်းသူ(၂)ဦးအား တစ်နှစ်စာ ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် သုံးခွမြို့တွင် ဆောက်လုပ်ဆဲ ဘိုးဘွားရိပ်သာအတွက် အလှူငွေများ လှူဒါန်းခဲ့ပါသည်။

ငန်းစပ်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

ငန်းစပ်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဒုဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ စလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာ ရွှေဟင်္သာ ကျောက်တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဓမ္မာစရိယ ဦးပဏ္ဍဝအား ဖူးမျှော်ကန်တော့ပြီး ဘုရားဆင်းတုတော်၊ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ၀တ္ထုငွေ(၅၀,၀၀၀)ကျပ်၊ ဘုရားပန်း၊ ဆိုလာမီးအိမ်၊ ဆန်၊ ဆီ၊ မုန့်များ လှူဒါန်း၍ ဆရားတော်ထံမှ တရားနာယူခဲ့ကြပါသည်။ ဆက်လက်၍ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်တို့သည် ငန်းစပ်ကျေးရွာမှ အမျိုးသမီးများနှင့်တွေ့ဆုံကာ အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မိမိကျေးရွာဖွံ့ဖြိုးရေးအတွက် ပရဟိတစိတ်ဝင်စားသူများ အနေဖြင့် အသင်းဝင်အဖြစ် လျှောက်ထားနိုင်ကြောင်း

မီးလောင်ကုန်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မီးလောင်ကုန်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူ ငယ်များဘဝမြှင့်တင်ရေး အသင်း မှ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးနှင့် CEC အဖွဲ့ဝင်များသည် မီးလောင်ကုန်းကျေးရွာ ဘုန်တော်ကြီး ကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးကေစိန္န အား ဖူးမျှော်ကန်တော့ပြီး ဘုရားဆင်းတုတော်၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ၀တ္ထုငွေ(၃၀,၀၀၀)ကျပ်၊ ဘုရားပန်း၊ ဆိုလာမီးအိမ်၊ ဆန်၊ ဆီ၊ မုန့်များ လှူဒါန်း၍ ဆရားတော်ထံမှ တရားနာယူခဲ့ကြပါသည်။             ဆက်လက်၍ ကျေးရွာတွင် လေဖြတ်၍ ကျန်းမာရေးထောက်ပံ့ကူညီရန် လိုအပ်နေသော သက်ကြီးရွယ်အို အဖွား(၂)ဦးအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။  

ရွှေလဝင်းသီလရှင်ကျောင်းနှင့် မြို့တောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရွှေလဝင်းသီလရှင်ကျောင်းနှင့် မြို့တောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဗဟို မှ ဒုဥက္ကဌနှင့် CEC များသည် မကွေးတိုင်း MWCDF အဖွဲ့၊ စလင်းမြို့ MWCDF အဖွဲ့နှင့်အတူ မကွေးတိုင်း၊ စလင်းမြို့၊ ရွှေလဝင်း သီလရှင်ကျောင်းသို့ သွားရောက်၍ ၀တ္ထုငွေ၊ ဆန်၊ ဆီ၊ မုန့်များ၊ Mask များ၊ လက်ဆေးဆပ်ပြာများ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းခဲ့ပါသည်။             ဆက်လက်၍ စလင်းမြို့ပေါ်ရှိ မြို့တောင်ပရိယတ္တစာသင်တိုက်သို့ သွားရောက်၍ ဝတ္ထုငွေ၊ ဗလာစာအုပ်၊ စားသောက်ကုန်၊ ဆပ်ပြာဆီနှင့် Covid-19

မင်္ဂလာရံသီ မဟာစည်ကျောင်းတိုက်နှင့် ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

မင်္ဂလာရံသီ မဟာစည်ကျောင်းတိုက်နှင့် ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ဗဟိုမှ ဒုဥက္ကဋ္ဌနှင့် CEC များသည် မကွေးတိုင်း MWCDF အသင်းအဖွဲ့၊ စလင်းမြို့MWCDF အသင်းအဖွဲ့နှင့်အတူ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ ၊ မင်္ဂလာရံသီ မဟာစည် ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဘဒ္ဒန္တကဝိန္ဒ အား ဖူးမျှော်ကန်တော့ပြီး ၀တ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ မုန့်များ ၊ Mask များ၊ လက်ဆေးဆပ်ပြာများ ဆက်ကပ်လှူဒါန်းကာ တရားနာယူခဲ့ကြပါသည်။             ဆက်လက်၍ ဆင်ဖြူကျွန်းမြို့၊ ပေါ်ကျက်ဆူတန်းကျေးရွာ အနီးရှိ

သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၈.၈.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလတ်ကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ ဝတ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ စာရေးကိရိယာ၊ ဆပ်ပြာဆီ၊ မုန့်များ၊ ဆေးဝါးနှင့် Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဥပုသ်သည် အဖိုးအဖွား(၄)ဦးအား ဆေးဝါးနှင့် မုန့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။