လူမှုရေး

သက်ငယ်မုဒိမ်းကျူးလွန်ခံရသော မိန်းကလေးငယ်အား ကူညီထောက်ပံ့ခြင်း

သက်ငယ်မုဒိမ်းကျူးလွန်ခံရသော မိန်းကလေးငယ်အား ကူညီထောက်ပံ့ခြင်း

(၂၁.၁၂.၂၀၂၀)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်အဖွဲ့များ သည် သက်ငယ်မုဒိမ်းကျူးလွန်ခံရသူ မိန်းကလေးငယ်နှင့် ၎င်း၏မိသားစုထံ သွားရောက်၍ အလှူငွေ၊ Mask များ၊ စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

(၃၀.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့ရှိ အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သော အမျိုးသမီးအား ခိုင်မေတ္တာဆေးရုံ၌ မွေးဖွားပေးခဲ့ ပြီး မီးဖွားစရိတ်နှင့် ထောက်ပံ့ငွေများ ကူညီလှူဒါန်းခဲ့ပါသည်။

Mask Campaign အတွက် Mask များ လှူဒါန်းခြင်း

Mask Campaign အတွက် Mask များ လှူဒါန်းခြင်း

(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ရှမ်းပြည်နယ်ရှိ ပြည်သူများသို့ Covid-19 အသိပညာပေး Mask Campaign ပြုလုပ်ရာတွင် အသုံးပြုရန် Mask-(၅၀)ဘူး သွားရောက်လှူဒါန်းခဲ့ပါသည်။

မကွေးတိုင်း MWCDF မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနား တက်ရောက်ခြင်း

မကွေးတိုင်း MWCDF မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနား တက်ရောက်ခြင်း

(၂.၁၂.၂၀၂၀)ရက်နေ့တွင် မကွေးတိုင်း MWCDF ဥက္ကဌနှင့်အဖွဲ့ဝင်များသ့ည် ၂၀၂၀ ပြည့်နှစ်၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအဖြစ် တိုင်းလူမှုဝန်ထမ်းဦးစီးဌာန၊ NGO, INGO အဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူများအား Mask, Face Shield, Hand Gel များ ဝေငှလှူဒါန်းခဲ့ပြီး (၄.၁၂.၂၀၂၀)နေ့တွင် (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခဲ့ပါသည်။

MWCDF အသင်း၏ (တတိယအကြိမ်) စုပေါင်းမဟာဘုံကထိန်မင်္ဂလာ ရေစက်ချအလှူတော်

MWCDF အသင်း၏ (တတိယအကြိမ်) စုပေါင်းမဟာဘုံကထိန်မင်္ဂလာ ရေစက်ချအလှူတော်

(၂၀.၁၁.၂၀၂၀)ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံဦးကျောင်းတိုက်၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၏ တတိယအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို Covid-19 ကာလ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သံဃာတော်အရှင်မြတ်များအား ကထိန်ညှပ်ကြီးသင်္ကန်းနှင့် အရံသင်္ကန်း(၁၀)စုံကပ်လှူခြင်း၊ ၀တ္ထုငွေ-(၁,၈၇၀,၀၀၀)ကျပ်၊ သံဗီဒို(၁)လုံး၊ ဆေးဝါးများ၊ လက်ဆေးဆပ်ပြာများ၊ Maskဗူးများ နှင့် အခြားလှူဘွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ ကထိန်အလှူ ရေစက်ချတရားနာယူကာ စုစုပေါင်း အလှူတော်-(၂,၇၅၂,၅၀၀)ကျပ်ကို ရေစက်ချလှူဒါန်းခဲ့ပါသည်။ ၎င်းနောက်

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၄.၉.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဒုက္ကဌနှင့် CEC အဖွဲ့ဝင်များသည် Covid-19 ကာလတွင် ဆွမ်းအခက်အခဲဖြစ်နေသည့် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် (၆၁)ပါးအတွက် ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ စာရေးကိရိယာ၊ လက်ဆေးဆပ်ပြာ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် Mask များ သွားရောက်လှူဒါန်းခဲ့ပါသည်။