လူမှုရေး

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၂၆.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ဆရာတော်ဘုရား၏ ဝိဇာတ မွေးနေ့မင်္ဂလာပွဲနှင့်အတူ စာအောင်သံဃာတော်များဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌‌ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ပါဝင်ကုသိုလ်ပြု လှူဒါန်းပြီး ဆွမ်းလောင်းလှူခဲ့ကြပါသည်။

အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းကြီး၏ (၁၂) နှစ်ပြည့် အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀.၀၅.၂၀၂၅နေ့ နံနက် ၁၀:၀၀ အချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၁၂ ဦးတို့သည် ခိုင်မေတ္တာအကူသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများကို အသင်းကြီး​၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ပရဟိတလုပ်ငန်းများအား စိတ်ပါဝင်စားကြ၍ အသင်းသို့ဝင်ရောက်လာသည့် အသင်းဝင်သစ်များ၏ လျှောက်လွှာများအားလက်ခံကာ နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၃.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) သင်တန်းဆင်းပွဲကို ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၉.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ရုံးချုပ်၌ အန္တရာယ်ကင်းပရိတ်တရားနာယူပူဇော်ပွဲတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်များကြွရောက်ပြီးပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပြီးနောက် အသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ငါးပါးသီလခံယူဆောက်တည်ကြကာ နဝကမ္မဝတ္ထုငွေနှင့် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် ဆရာတော်နှင့် သံဃာတော်များအား အသီးဖျော်ရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၁.၅.၂၀၂၅ ရက်နေ့ နံနက် ၆:၀၀ နာရီတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၁၃၈၇ ခုနှစ် ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော်နေ့တွင် သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားများကို တောင်ကြီးမြို့ စူဠာမဏိစေတီတော်မြတ်ကြီး၌ နံနက် ၆:၀၀နာရီအချိန်မှစတင်ကျင်းပရာ ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် လေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် (၄) ဦးတို့တက်ရောက်ကာ သံဃာတော်တစ်ပါးလျှင် လှူဒါန်းငွေ ၅၀၀၀/-ကျပ်နှုန်းဖြင့် သံဃာတော် ၁၀၈ ပါးအတွက် ၅၄၀,၀၀၀/- ကျပ်တိတိလှူဒါန်းခဲ့ကြပါသည်။

ဂါရဝပြုတွေ့ဆုံခြင်း

ဂါရဝပြုတွေ့ဆုံခြင်း

၂၉.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်း (MWCDF) မှ ဥက္ကဋ္ဌနှင့် အမှုဆောင်များသည် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ အစ်မကြီးများ၊ နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ ညီမငယ်များနှင့် လာရောက်တွေ့ဆုံပြီး ဂါရဝပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။