Covid-19 ကာလအတွင်း ထိခိုက်လွယ် အခြေအနေရှိ အမျိုးသမီးများအား ကာကွယ်စောင့် ရှောက်ရေးအတွက် ထောက်ပံ့ခြင်း အခမ်းအနား

(၃.၉.၂၀၂၀)ရက်နေ့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)ရုံးချုပ်၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ Covid-19 ကာလအတွင်း ထိခိုက်လွယ် အခြေအနေရှိ အမျိုးသမီးများအား ကာကွယ်စောင့် ရှောက်ရေးအတွက် ထောက်ပံ့ခြင်း အခမ်းအနားကို Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သည် ရပ်တည်ရန်ခက်ခဲသော အမျိုးသမီးများကို အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများ ရရှိရန်ပံ့ပိုးပေးခြင်း၊ Covid-19 ကာလအတွင်းမှာ တစ်ဦးချင်း