လူမှုရေး

ကချင်ပြည်နယ် MWCDF အသင်းမှ Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်း

ကချင်ပြည်နယ် MWCDF အသင်းမှ Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်း

(၂.၆.၂၀၂၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြင့်တင်ရေးအသင်း(MWCDF)မှ အတွင်းရေးမှူး ဒေါ်အေးနွယ်နှင့်ECအဖွဲ့ဝင်များသည်Covid-19 ကာလ အတွင်း ဝင်ငွေနည်းပါးသော မိသားစုဝင်များအား ဆီ၊ ကြက်ဥ၊ ဆား၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်များကို လယ်ကုန်း ရပ်ကွက်ဇီးကျွန်းရှိ မိသားစုဝင်များသို့ ဒုတိယနေ့အဖြစ် သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။

Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း

Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း

(၁.၆.၂၀၂၀)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ ရွှေညောင်ပင်ရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်များတွင် Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စု(၃၄)စုအား ဆန်၊ ဆီ စားသောက်ကုန်များ သွားရောက်လှူဒါန်းခြင်း၊ Covid-19 ရောဂါကာကွယ်ရေးအတွက် Mask တပ်ရန်၊ လက်အားမကြာခဏဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် အသိပညာပေးဟောပြောခြင်းနှင့် စနစ်တကျ လက်တွေလေ့ကျင့်ပြသခြင်း ဆောင်ရွက်ခဲ့ပါသည်။

မန္တလေးတိုင်း MWCDF အသင်းမှ လမ်းခင်းလုပ်သားများအား အာဟာရဒါနပြု လှူဒါန်းမှု

မန္တလေးတိုင်း MWCDF အသင်းမှ လမ်းခင်းလုပ်သားများအား အာဟာရဒါနပြု လှူဒါန်းမှု

(၂၆.၅.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ ဒေါ်တင်တင် နှင့် ECတို့သည် မန္တလေးမြို့၊ ကမ်းနားလမ်း၊ ချော်ဆိပ်ရေနံရိပ်သာလမ်း ရုံးရှေ့မှာ လမ်းခင်းနေသော လုပ်သား (၃၀) ကျော် ကို ထမင်း၊ ကြက်သဗြွန်း၊ Royal-D အချိုရည်များ၊ ခေါက်ဆွဲခြောက်ထုတ်၊ ရေသန့်တို့ကို Covid-19 ကာလ အလှူအနေဖြင့် ​ကုသိုလ်ပြုခဲ့ပါသည်။

တနင်္သာရီတိုင်း MWCDF အသင်းမှ ပညစ်ရွာရှိ အိမ်ထောင်စုများအားလှူဒါန်းခြင်းနှင့် တောင်ပေါ်ရှိ သံဃာတော်များအား ဆွမ်းကပ်လှူခြင်း၊ လုပ်အားဒါနကုသိုလ်ပြုခြင်း

တနင်္သာရီတိုင်း MWCDF အသင်းမှ ပညစ်ရွာရှိ အိမ်ထောင်စုများအားလှူဒါန်းခြင်းနှင့် တောင်ပေါ်ရှိ သံဃာတော်များအား ဆွမ်းကပ်လှူခြင်း၊ လုပ်အားဒါနကုသိုလ်ပြုခြင်း

(၃၁.၅.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် မိုင်(၂၀)အကွာတောင်ခြေ ပညစ်ရွာတွင် Covid-19 ကာလတွင် အလုပ်အကိုင်မရှိ၍ စားဝတ်နေရေးအခက်အခဲဖြစ်နေသော အိမ်ထောင်စု (၃၀)အား တနင်္သာရီတိုင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဆန်၊ ဆီ၊ ကြက်သွန် တို့ကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖများ၏ အကူအညီဖြင့် MWCDF အသင်းအဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပညစ်တောင်ပေါ်ရှိ ကျောင်းဆောင်ဆောက်လုပ်နေသော အဏ္ဏဝါသံဃဝိဟာရဇီဝိတ စင်တာတွင် ဆရာတော် သံဃာတော်များအား ဆွမ်းချက်ကပ်လှူခြင်းနှင့် အရိပ်ရသစ်ပင်၊ စားပင်၊ သီးပင်၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အဆောင်ဆောက်လုပ်ရာတွင် တောရိုင်းများကို

မွန်ပြည်နယ် MWCDF အသင်းမှ ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ လှူဒါန်းမှု

မွန်ပြည်နယ် MWCDF အသင်းမှ ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ လှူဒါန်းမှု

၁၀.၅.၂၀၂၀ မွန်ပြည်နယ် MWCDF အသင်းသားများသည် မော်လမြိုင်မြို့ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ လှူဘွယ်စုံခြင်း၊ ဆန်၊ ဆီ၊ အာလူးများအား ဆရာတော်ထံ ကပ်လှူခဲ့ပါသည်။

မဟာမြိုင်ကျေးရွာ MWCDF အသင်းမှ Covid-19 ကာလ လှူဒါန်းမှု

မဟာမြိုင်ကျေးရွာ MWCDF အသင်းမှ Covid-19 ကာလ လှူဒါန်းမှု

(၂.၅.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့ နယ်၊ မဟာမြိုင်ကျေးရွာ MWCDFအသင်းမှ သံဃာတော် (၁၃)ပါးသီတင်းသုံးတော်မူသော ကျောက်ဖူးဘုန်းကြီး ကျောင်းအတွက် ဆန်(၁)အိတ်၊ ဆီ၊ ဆားနှင့် အခြားအသုံး အဆောင်ပစ္စည်းများ၊ ကန်မြဲရွာတိုက်ကျောင်းအတွက် ဝတ္ထု(၃၅,၀၀၀)ကျပ်၊ ကန်မြဲရွာ           Covid-19 ကာကွယ်ရေးအတွက်(၂၀,၀၀၀)ကျပ်၊ နာတာရှည်အမျိုးသမီးတစ်ဦး အတွက်(၁၅,၀၀၀)ကျပ်၊ မီးဖွားအမျိုးသမီးတစ်ဦး အတွက်(၁၅,၀၀၀)ကျပ်တို့အား လှူဒါန်းခဲ့ပါသည်။