လူမှုရေး

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၄.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဗဟို)နှင့် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့ စုပေါင်း၍ အေလာမြို့၊ ဧလာတိဏ္ဏစေတီတော်ကျောင်းတိုက်တွင် ရောက်ရှိနေကြသော ရေဘေးသင့်ကျေးရွာများမှ ရွာသူ/သားများကို ဆန်၊ ဆီ၊ ငါးခြောက်၊ ကြက်ဥ၊ တီရှပ်များ၊ ပုဆိုးများ၊ အမျိုးသမီးဝတ်အင်္ကျီ/လုံချည်များ၊ ကလေးအင်္ကျီများ၊ ဖိနပ်များ၊ ကိုယ်တိုက်ဆပ်ပြာများ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊ မုန့်များ၊ ကလေးကစားစရာအရုပ်များ၊ ခေါက်ဆွဲကြော်များ၊ နဝကမ္မအလှူငွေများနှင့် သင်္ကန်းတို့ကို စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၃.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် နေပြည်တော် မြို့ရှောင်လမ်းဘေး ပုရွက်ဆိတ်ကုန်းရွာ သစ်လေးလုံးဓမ္မလင်္ကာရ ပရဟိတဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းဆီသို့ သွားရောက်၍ သံဃာတော်အရှင်မြတ်များအတွက် သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် ကျောင်းတွင်ရောက်ရှိနေသော ရေဘေးရှောင်ပြည်သူ (၂၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ထမင်းဗူးများ၊ အဝတ်အထည်များနှင့် ဖိနပ်များလှူဒါန်းခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၃.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် ပျဉ်းမနားသကြားစက်လမ်းဆုံ၊ မြို့ရှောင်လမ်း၊ ဆင်သေရွာ မြို့ရှောင်လမ်းဘေးတွင် ရောက်ရှိနေသော ရေဘေးရှောင်ပြည်သူများဆီသို့ ထမင်းဘူး၊ အဝတ်အထည်များနှင့် သွားရောက်ထောက်ပံ့လှူဒါန်းပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၃.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မရှိခဏကျောင်းတွင်ရောက်ရှိနေသော ရေဘေးရှောင်လူဦးရေ (၁၈၀)ကျော်အတွက်အဝတ်အထည်များ၊ ကလေးကစားစရာပစ္စည်းများနှင့် ဖိနပ်များသွားရောက်လှူဒါန်းပြီး နှစ်သိမ့်မှုအားပေးစကားများလည်း ပြောကြားခဲ့ပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား သွားရောက်လှူဒါန်းခြင်း

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား သွားရောက်လှူဒါန်းခြင်း

(၇.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ အသင်း (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်လာသော ပြည် နယ်/တိုင်းဒေသကြီးအသီးသီးမှ အသင်းအဖွဲ့ဝင်များကို နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား ဖူးမြှော်နိုင်ရန်အတွက် ဘုရားဖူးပို့ဆောင်ပေးပြီး (MWCDF)အသင်းဗဟိုနှင့် ပြည်နယ်/တိုင်းဒေသကြီးအသင်းတို့စုပေါင်း၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီး ဘက်စုံပြုပြင်မွန်းမံခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၂.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဗဟိုနှင့် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့ စုပေါင်း၍ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ မဟာမြိုင် အမှတ် (၂)ရပ်ကွက်အတွင်းရှိ ရေဘေးသင့်မိသားစုများနှင့် မနောစိတ္တုပ္ပဒ်ကျောင်းအတွင်းရှိ ရေဘေးသင့်မိသားစုများအတွက် လူဦးရေ (၁၅၀)ကျော်တို့အား ဆန်၊ ငါးခြောက်ကြော်များ၊ ဖယောင်းတိုင်၊ မီးခြစ်နှင့် မုန့်များသွားရောက်လှူဒါန်းခြင်း၊ ကလျာဏီ ရပ်ကွက်၊ ရေကြီးကွင်းအတွင်းရှိ သုခိတာရာမ သီလရှင်စာသင်ကျောင်းတိုက်သို့ သွားရောက်၍ ဆွမ်းဟင်းအထောက်အပံ့လှူဖွယ်ပစ္စည်းများ၊ အာလူး၊ ကြာဇံ၊ ငရုပ်သီးမှုန့်၊ ကြက်သွန်နီ၊ ကြက်ဥ၊ မုန့်များနှင့် နဝကမ္မဝတ္ထုငွေများ လှူဒါန်းခြင်း၊ ပိုလီယိုမသန်စွမ်းကလေးငယ် (၂)ဦးနှင့်