လူမှုရေး

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား

( ၁.၈.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသီလရှင်စာသင်တိုက်တွင် ကျင်းပပြုလုပ်သော ဝါဆိုဝတ်စုံလှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် တိုင်း(MWCDF)အသင်းမှ ဓါတ်ဗူးများလှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၁.၈.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ အမှတ် (၇)တိုင်းရင်းဆေးရုံတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ လူဦးရေ (၂၃၀)ဦးနှင့် ဘားအံမြို့၊ အမှတ် (၆)ရပ်ကွက်၊ ဇမ္ဗူမြိုင်ဘုန်းကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ (၆၈)ဦးအတွက် နံနက်စာအာဟာရ ထမင်းကြော်၊ နေ့လည်စာနှင့် ညစာအတွက် ထမင်းနှင့်ဟင်းများကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၃၁.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ ပြည်သူ့ဆေးရုံတွင်ဆေးကုသခံယူနေသော ဦးနှောက်အမှေးပါးရောဂါသည် မောင်ဇင်မင်းသူ အသက် (၃)နှစ်အရွယ်ကလေးငယ်အတွက် ဆေးကုသစရိတ်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ 

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၃၁.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ အမှတ် (၄)ရပ်ကွက်အတွင်းရှိ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် နေ့လည်စာအာဟာရ ထမင်းနှင့် ဟင်းထုပ်များ အိမ်တိုင်အရောက် ပေးဝေလှူဒါန်းခဲ့ပါသည်။

သောက်သုံးရေလှူဒါန်းခြင်း

သောက်သုံးရေလှူဒါန်းခြင်း

(၃၀.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် သောက်သုံးရေခက်ခဲသော ဘားအံမြို့နယ်၊ ပညာမွန်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ သောက်ရေသန့်ဗူးကြီးများ လှူဒါန်းခြင်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၃၀.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ ရဲသာကျေးရွာအုပ်စု၊ နောင်ခရိုင်၊ ကမော့ကစင်ရွာရှိ အိမ်ခြေ (၈၆) အိမ်နှင့် လှိုင်ရွာရှိအိမ်ခြေ (၇၈)အိမ် စုစုပေါင်း (၁၆၄)အိမ်ထောင်စုမှ ရေကြီးနစ်မြုပ်ခံစားနေရသူများအတွက် ကြက်ဥ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဗူးများအား ရဲသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။