လူမှုရေး

ပညာဥယျဉ် ဓမ္မလုံးကောင် ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်းသို့သွားရောက်ကာ ကျောင်းသားများအတွက်လိုအပ်သည်များ ကူညီထောက်ပံ့ခြင်း

ပညာဥယျဉ် ဓမ္မလုံးကောင် ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်းသို့သွားရောက်ကာ ကျောင်းသားများအတွက်လိုအပ်သည်များ ကူညီထောက်ပံ့ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ရှမ်းပြည်တောင်ပိုင်း) အသင်းမှဥက္ကဌ သုဓမ္မသိင်္ဂီဒေါ်ကေသီအောင်ဒုဥက္ကဌ အလုပ်မှုဆောင်များ ဦးဆောင်ကာ ပညာဥယျဉ် ဓမ္မလုံးကောင် ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်းသို့သွားရောက်ကာ ကျောင်းသားများအတွက် စာမေးပွဲဖြေခါနီး ကလေးများ၏တစ်ကိုယ်ရည်သန့်ရှင်းရေး နှင့်ရာသီဥတုဒဏ်ကြောင့်အသားကွဲနေသောကလေးများကို အလှဆီလိမ်းပေးခြင်း /လက်သဲညှပ်ပေးခြင်း/ဆံပင်ညှပ်ပေးခြင်း/ဖျားနာကလေးငယ်များကို ဆေးပေးခြင်း ဆပ်ပြာနှင့်အလှဆီများလှုဒါန်းခြင်းအားဆေးတိုက်ကျွေးခြင်း မုန့်များကျွေးမွေးခြင်းများပြုလုပ်ခဲ့ကာ လက်ဆေးခြင်းအသိပညာအကြောင်း ဟောပြောခဲ့ပါသည်လိုအပ်နေသောကွက်လပ်ကလေးကလေးကို ဝိုင်းဝန်းဖြည့်ဆည်းပေးပါသောမျိုးဆက်သစ်လူငယ် အယောက် (၄၀) ကျော်ကိုအထူးကျေးဇူးတင်ဂုဏ်ယူပါသည်“ လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်းရစေသား”

နဝမ အကြိမ်မြောက် ဓမ္မပူဇာသဘင်တွင်ခေါက်ဆွဲကြော် လှူဒါန်းခြင်း

နဝမ အကြိမ်မြောက် ဓမ္မပူဇာသဘင်တွင်ခေါက်ဆွဲကြော် လှူဒါန်းခြင်း

(၂၀.၁.၂၀၂၀)ရက်နေ့ မြတ်ပါရမီ လူမှုရေးအသင်း ဦးဆောင်သော ဝန်ထမ်းမိသားစုများ စျေးသူ စျေးသား များနှင့် (၇)ရက်သားသမီးများ၏ နဝမ အကြိမ်မြောက် ဓမ္မပူဇာသဘင်တွင် နေပြည်တော်MWCDFအသင်းမှတရားနာ ပရိတ်သက်များအား ခေါက်ဆွဲကြော် လှူဒါန်း ကုသိုလ်ယူခဲ့ကြပါသည်။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ အေးမေတ္တာစံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့သွားရောက်လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ အေးမေတ္တာစံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့သွားရောက်လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ သည်(၂၄.၁.၂၀၂၀)နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ အေးမေတ္တာစံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့သွားရောက်၍ ဆရာတော်အား ဖူးမျှော်ကန်တော့ကာသင်္ကန်း၊ လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၄.၁.၂၀၂၀)နေ့တွင် MWCDFအသင်းမှ အလုပ်အမှုဆောင်အဖွဲ့တို့သည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယက ဆရာကြီးအား MWCDFအသင်း CECများမှ စုပေါင်း၍ အလှူငွေ-(၁,၅၀၀,၀၀၀)ကျပ်နှင့် လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ MWCDFအသင်း ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့တို့သည် စာသင်တိုက်ရှိ သီလရှင်ဆရာလေးများအား နေ့ဆွမ်းလောင်း လှူခဲ့ကြပါသည်။

သာဝတ္ထိမြို့နယ်၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့သွားရောက်လှူဒါန်းခြင်း

သာဝတ္ထိမြို့နယ်၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည်(၂၂.၁.၂၀၂၀)နေ့တွင် သာဝတ္ထိမြို့နယ်၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအား ဖူးမျှော်ကန်တော့၍ အလှူငွေ၊ သင်္ကန်း၊ လှူဘွယ်ပစ္စည်းများကပ်လှူခြင်းနှင့် ကျောင်းတွင်ပြုစုစောင့်ရှောက်ထားသော မိဘမဲ့ကလေး(၉၁၉)ဦး ရှိပြီး (၃)နှစ်အရွယ် ရင်ခွင်ပိုက်ကလေး(၉၃)ဦးအတွက် လိုအပ်သော ဆေးဝါးများ၊ နို့မုန့်များ၊ စာရေး ကိရိယာများ၊ မုန့်မျိုးစုံများတို့အား လှူဒါန်းခဲ့ပါသည်။ စုစုပေါင်း လှူဒါန်းမှု -(၈၀၆,၂၅၀)ကျပ် လှူဒါန်း ခဲ့ပါသည်။ ၎င်းနောက် ကျောင်းသား/သူများထမင်းစားဆောင်များ လှည့်လည်ကြည့်ရှု၍ အသင်းမှ ထိုကျောင်း တွင်ရှိသော ကလေးများအတွက်

ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် လှူဒါန်းနိုင်ရန် အလှူငွေ-(US$-3000) ပေးအပ်လှူဒါန်းခြင်း

ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် လှူဒါန်းနိုင်ရန် အလှူငွေ-(US$-3000) ပေးအပ်လှူဒါန်းခြင်း

(၂၀.၁.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ရုံးချုပ်သို့ Industrial Bank of Korea(IBK)မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ လာရောက်ရာ အသင်းဥက္ကဋ္ဌနှင့်CECများမှ လက်ခံတွေ့ဆုံခဲ့ကြပါသည်။ Industrial Bank of Korea(IBK)က MWCDFအသင်းမှ အမျိုးသမီးများနှင့်ကလေးသူငယ်များအတွက် ဆောင်ရွက်လျက်ရှိသော ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် လှူဒါန်းနိုင်ရန် အလှူငွေ-(US$-3000) ပေးအပ်လှူဒါန်းခဲသည့်အတွက် အသင်းမှ အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။