လူမှုရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၆.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ဓမ္မစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

မဟာပဌာန်းကျမ်းကြီး ရွတ်ဖတ်ပူဇော်ပွဲကြီးသို့ သွားရောက်လှူဒါန်းခြင်း

မဟာပဌာန်းကျမ်းကြီး ရွတ်ဖတ်ပူဇော်ပွဲကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် ဂဝံသပတ်စေတီတော်မြတ်ကြီးတွင် (၅)ရက်တိုင်တိုင် မဟာပဌာန်းကျမ်းကြီးရွတ်ဖတ်ပူဇော်ပွဲကြီးသို့ သွားရောက်၍ ဝတ္ထုငွေများနှင့် နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

ဆွမ်းဆန်တော်လောင်းလှူခြင်း

ဆွမ်းဆန်တော်လောင်းလှူခြင်း

(၂၂.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ပဲခူးမြို့၊ ကျိုက်ပွန်လေးမျက်နှာသမိုင်းဝင် ဆုတောင်းပြည့်ဘုရားကြီးတွင် သံဃာတော်အပါး(၁၈၀) နှင့် သီလရှင်အပါး (၉၀)တို့အား ဆွမ်းဆန်တော်များလောင်းလှူခဲ့ကြပါသည်။

ဆွမ်းဆန်တော်လောင်းလှူခြင်း

ဆွမ်းဆန်တော်လောင်းလှူခြင်း

(၂၂.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီ တော်မြတ်ကြီး၌ သံဃာတော် အပါး (၁၀၀၀)နှင့် သီလရှင်အပါး (၁၀၀၀) တို့အား ဆီ၊ ဆွမ်းလောင်းလှူခြင်းနှင့် ညောင်ရေသွန်းလောင်းခြင်းအခမ်းအနားတွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ သံဃာတော်များနှင့် သီလရှင်များအား ဝတ္ထုငွေနှင့် ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြပါသည်။

သောက်သုံးရေသွားရောက်လှူဒါန်းခြင်း

သောက်သုံးရေသွားရောက်လှူဒါန်းခြင်း

(၁၉.၅.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း(၁)နှစ်ပြည့်အထိမ်းအမှတ်အလှူအဖြစ် ဒက္ခိဏသီရိမြို့နယ်၊ ကံပြားကျေးရွာရှိ အိမ်ခြေ (၇၀)အား သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ပါသည်။

စတုဒီသာကျွေးမွေးကုသိုလ်ပြုခြင်း

စတုဒီသာကျွေးမွေးကုသိုလ်ပြုခြင်း

(၁၂.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ဈေးညောင်ပင်ကျေးရွာအုပ်စု၊ ရှေးဟောင်း သမိုင်းဝင်ရွှေတိဂုံလေး ဆံတော်ရှင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပွဲအခမ်းအနားတွင် လူဦးရေ (၃၀၀၀)ကျော်အား မန်ကျည်းဖျော်ရည်၊ ဆေးကုလာမကျောက်ကျောနှင့် အအေးတို့ကို စတုဒီသာတိုက်ကျွေးကုသိုလ်ပြုခဲ့ကြပါသည်။