လူမှုရေး

ရှမ်းနှစ်သစ်ကူးပွဲတော်သို့တက်ရောက်ခြင်း

ရှမ်းနှစ်သစ်ကူးပွဲတော်သို့တက်ရောက်ခြင်း

(၂၁.၁၁.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အဖွဲ့သားများသည် အသင်းဝင် ရှမ်းတိုင်းရင်းသူများ၏ ဖိတ်ကြားချက်ကို ချစ်ခင်လေးစားသောအားဖြင့် ရှမ်းပြည်နယ်တောင်ကြီး မြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသော ရှမ်းနှစ်သစ် ကူးပွဲတော်ကို စည်းလုံးညီညွတ်စွာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပူးပေါင်းပါဝင်ဆင်နွဲကာ တိုင်းရင်းသားချစ်ကြည်ရေးကို အလေးထားကာ တက်ရောက်ခဲ့ကြပါသည်။

ကျန်းမာရေးအဟာရလှူဒါန်းခြင်း

ကျန်းမာရေးအဟာရလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၃ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ အသင်းတည်ထောင်ခဲ့တဲ့ရက် အထိမ်းအမှတ်အနေဖြင့် လစဉ်(၁၄)ရက်နေ့တိုင်းနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အ ထူးကုဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသ ခံနေသော လူနာများအား နေ့လည်စာ အာဟာရ ဒါနအလှူ- ထမင်း၊ ကြက်သားဟင်း၊ ကျောက်ဖရုံ သီးဟင်းချို တို့ဖြင့် အသင်းအဖွဲ့ဝင်များမှ သွားရောက် ကျွေးမွေးလှူဒါန်းလျက်ရှိပါသည်။

လူမှုကူညီမှု့ လှူဒါန်းခြင်း

လူမှုကူညီမှု့ လှူဒါန်းခြင်း

(၁၃.၁၁.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ လူမှုရေးအရနစ်နာ ဆုံးရှုံးမှုဖြစ် ခဲ့သော သမီးငယ်လေးကို ကျောင်းဆက်လက် တက်ပြီး လူမှုဘဝ ပြန်လည်မြှင့်တင်ခြင်းအကျိုးရည်မှန်းကာ အသင်းမှ ကြည့်ရှုစောင့်ရှောက်ခဲ့သော(၃)လ အတွင်း ဆေးရုံဆေးခန်းတွင် ကျန်းမာရေးအတွက် သားဖွားမီး ယပ်ပါရဂူနှင့်တွေ့ဆုံကာ ကိုယ်ဝန်ဆောင်စောင့်ရှောက် ပေးခြင်းနှင့် သမီးငယ်လေး ကိုမွေးဖွားပြီးသည့် အထိ တာဝန်ယူခဲ့ပါသည်။ သမီးလေး ဘဝ သာယာဖြောင့်ဖြူးအောင် ကူညီစောင့် ရှောက်ပေးသည့်အနေဖြင့် အသင်း၏ ဥက္ကဌ သုဓမ္မသိင်္ဂီဒေါ်ကေသီအောင်မှ ငွေကျပ် (၇) သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ သမီးလေး

ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၃.၁၁.၂၀၁၉)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့တို့သည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယက ဆရာကြီးအား MWCDFအသင်း CECများမှ စုပေါင်း၍ အလှူငွေ-(၁,၅၀၀,၀၀၀)ကျပ်နှင့် သီလရှင်ဝတ်စုံများ၊ ဆန်၊ ဆီ၊ သွားတိုက်ဆေး၊ ဘီစကွတ်မုန့်ထုပ်များနှင့် လှူဘွယ် ပစ္စည်းစုံခြင်းများ လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ MWCDFအသင်း ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့တို့သည် စာသင်တိုက်ရှိ သီလရှင်ဆရာလေးများအား နေ့ဆွမ်းလောင်း လှူခဲ့ကြပါသည်။

တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ် ပြုလှူဒါန်းခြင်း

တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ် ပြုလှူဒါန်းခြင်း

(၁၁.၁၁.၂၀၁၉)တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့၊ ဓာတုဇယဓာတ်ပေါင်းစု စေတီ၌ နေပြည်တော်တိုင်း မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ကျင်းပပြုလုပ်သည့် နိဗ္ဗာန်စျေးပွဲတော်တွင် လာရောက်ကြသော ပြည်သူများအား မယ်ဇလီဖူးသုပ်များ ကျွေးမွေးခြင်းနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း မဲဖောက်၍ လှူဒါန်းပေး ခဲ့ကြပါသည်။ အဆိုပါ နိဗ္ဗာန် စျေးပွဲတော်သို့ MWCDFအသင်းဗဟိုမှ အတွင်းရေးမှူး နှင့် CECမှ သွားရောက်ကာ နေပြည်တော်တိုင်း အဖွဲ့ဝင် များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော်

“ ရှမ်းရိုးမဘိုးဘွားရိပ်သာ” ၌ ကျွေးမွေးလှူဒါန်းခြင်း

“ ရှမ်းရိုးမဘိုးဘွားရိပ်သာ” ၌ ကျွေးမွေးလှူဒါန်းခြင်း

(၁၁.၁၁.၂၀၁၉)တန်ဆောင်မုန်းလပြည့်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးများဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကူနှင့် အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များသည် “ ရှမ်းရိုးမဘိုးဘွားရိပ်သာ” သို့သွားရောက်၍အဖိုး/အဖွားများကို တစ်ရက်စာအာဟာရ ကျွေးမွေး လှူဒါန်းခြင်း၊ ဆေးဝါး/ဆပ်ပြာ/ဆီ နှင့် အဖိုး/အဖွား တစ်ဦးလျှင့် ငွေ (၃၀၀၀)ကျပ်ထောက်ပံ့ကာ မျိုးဆက်သစ်မောင်မယ်များက ရိပ့်သာအတွင်း ရေချိုးခန်း၊ အိမ်သာ ကစလို့ သန့်ရှင်းရေးပြုလုပ် ကုသိုလ်ယူခဲ့ကြပါသည်။ ထို့နောက် အဖိုး/အဖွားများကို အားပေးစကား ပြောကြားပြီး အဖိုး/အဖွားများ ပျော်ရွှင်စေရန် သီချင်းများသီဆို ကခုန်မှုများလည်း ကလေးများက ပြုလုပ်ခဲ့ကြပါသည်။ နတ်လူသာဓုခေါ်စေသော်