လူမှုရေး

မြောက်ဦးဆရာတော်အား ဝတ္ထုငွေနှင့် အုန်းချောကျေးရွာ ဆောက်လုပ်ဆဲစွမ်းအားသစ်သီလရှင်စာသင်တိုက်အတွက် လှူဒါန်းခြင်း

မြောက်ဦးဆရာတော်အား ဝတ္ထုငွေနှင့် အုန်းချောကျေးရွာ ဆောက်လုပ်ဆဲစွမ်းအားသစ်သီလရှင်စာသင်တိုက်အတွက် လှူဒါန်းခြင်း

(၁၀.၂.၂၀၂၄) ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ မြောက်ဦးဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ, အဂ္ဂမဟာကမ္မဌာနာစရိယ အရှင်ဝါယာမိန္ဒအားသွားရောက်ဖူးမျှော်၍ နဝကမ္မဝတ္ထုငွေလှူဒါန်းခဲ့ပြီး အုန်းချောကျေးရွာရှိဆောက်လုပ်ဆဲ စွမ်းအားသစ်သီလရှင်စာသင်တိုက်အတွက် အလှူငွေနှင့် စားသောက်စရာများ၊ အသုံးဆောင်ပစ္စည်းများ၊ အသင်းဗလာစာအုပ်များ၊ ပြက္ခဒိန်တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ပစ္စည်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခြင်း

(၂၇.၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့နယ်ရှိ ရေဘေးသင့်ခံရသော စီမံချက်ဝင်ရပ်ကွက်၊ ကျေးရွာများမှ အိမ်ထောင်စု (၁၄၂၄)စုတို့အား ငွေသားနှင့် ပစ္စည်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ တိုင်း MWCDF အသင်း၏ ဆောင်ရွက်မှုများကို ချီးကျူးပြောကြားခဲ့ပါသည်။

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CECများသည် ဇေယျာသီရိမြို့၊ ရတနာစံပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ဆရာတော်နှင့် ကျောင်းရှိ ရဟန်းသံဃာများအတွက် ဝတ္ထုငွေနှင့် လှူဖွယ်ခြင်း၊ ဆေးဝါးများ၊ စားသောက်ကုန်များ၊ စာရေးကိရိယာများ၊ Mask ဘူးများ၊ အသင်းပြက္ခဒိန်တို့အား လှူဒါန်းခဲ့ပါသည်။ 

မင်္ဂလာသီရိပတ္တာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မင်္ဂလာသီရိပတ္တာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF) အသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC များသည် ပုဗ္ဗသီရိမြို့၊ မင်္ဂလာသီရိ ပတ္တာ(ဘ.က)ကျောင်းသို့ သွားရောက်၍ ဆရာတော်နှင့် ကျောင်းရှိရဟန်းသံဃာများအတွက် ဝတ္ထုငွေနှင့် လှူဘွယ်ခြင်း၊ ဆေးဝါးများ၊ စားသောက်ကုန်များ၊ စာရေးကိရိယာများ၊ Mask ဘူးများ၊ အသင်းပြက္ခဒိန်တို့အား လှူဒါန်းခဲ့ပါသည်။ 

ခေမာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ခေမာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဒုဥက္ကဌ(မိသားစု)နှင့် အလှူရှင်များစုပေါင်း၍ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင်စာသင်တိုက်ရှိ သီလရှင်ဆရာကြီးနှင့် စာသင်သီလရှင်လေးများအား ဆွမ်းဆန်တော်လောင်းလှူခြင်းနှင့် အလှူငွေများ၊ သီလရှင်ဝတ်စုံများ၊ စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

(၁၄.၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး(MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လ သီလရှင်စာသင်တိုက်တွင် ကျင်းပပြုလုပ်သော အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့တက်ရောက်၍ ဆွမ်းဆန်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက် ဆေး၊ ဆပ်ပြာခရင်(မ်)၊ အစာဖြေဆေးနှင့် တီးမစ်တို့ကို စုပေါင်းလောင်းလှူခဲ့ကြပါသည်။