လူမှုရေး

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် ၃.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့၊ ဗောဓိကုန်းမိုးကုတ်ဓမ္မရိပ်သာ၌ တန်ဆောင်တိုင် နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။ လှူဒါန်းမှုစုစုပေါင်း သိန်း (၅၀)ကျပ် ဖြစ်ပါသည်။

မဟာဘုံကထိန်အလှူတော်မင်္ဂလာ

မဟာဘုံကထိန်အလှူတော်မင်္ဂလာ

ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များစု ပေါင်းမဟာဘုံကထိန်အခမ်းအနားကို ၃.၁၁.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သုဓနုအိမ်ရာအနီး၊ သဒ္ဓမ္မဇောတိကကျောင်းတိုက်အတွင်းရှိ သံဃာတော်အရှင်သူမြတ်တို့အား ကထိန်အာနိသင်ငါးပါးရပါစေခြင်းအကျိုးငှာ ကထိန်သင်္ကန်းနှင့် ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ (အဌမအကြိမ်) စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ် ၅ ပါးပင့်ဖိတ်ပြီး ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ MWCDF ရုံးချုပ်၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်  MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ (၁)၊ ဒုဥက္ကဌ (၂)၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အသင်းရုံးဝန်ထမ်းများက ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားနာယူခြင်း၊ ကထိန်ညှပ်ကြီးသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်ချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ၁ ဦးသည် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် သီတင်းကျွတ်လပြည့်နေ့ အခါသမယ၌ လယ်ဝေးမြို့၊ ဧလာတိဏ္ဏစေတီတော်မြတ်ကြီးမှာ ဗုဒ္ဓရုပ်ပွါးတော် ၁၀၈ ဆူ တန်ဖိုး ၈၁၀၀၀၀/-ကျပ် ၊ ရေစေတီအကြီးတစ်ဆူ ရေသန့် ၁၀၈ ကဒ် တန်ဖိုး ၄၅၃၆၀၀/-ကျပ်၊ ပန်းတစ်သောင်း + သစ်သီးတစ်သောင်း + ဆီမီးတစ်သောင်းအတွက် အလှူငွေကျပ် နှစ်သိန်း၊ ဆရာတော်နဝကမ္မ အလှူငွေကျပ်တစ်သိန်း စုစုပေါင်းအလှူငွေကျပ် ၁၅၆၃၆၀၀/-ကျပ်(တစ်ဆယ့်ငါးသိန်း ခြောက်သောင်းသုံးထောင့်ခြောက်ရာကျပ်) တိတိကို စုပေါင်းလှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ဒေါ်ယဉ်ကြည်သည် လားရှိးမြို့၊ အထက (၆) ကျောင်း၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့  တက်ရောက်ခဲ့ပါသည်။