လူမှုရေး

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၉.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အမှုဆောင်များသည် ပျဉ်းမနားမြို့၊ သန္တာရာမသီလရှင်ကျောင်းတိုက်များသို့ သွားရောက်၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းငွေ ၅၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၈.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အမှု‌ဆောင်များသည် နေပြည်တော်ဘူတာကြီးရှိငလျင်ဘေးသင့် မီးရထားဝန်ထမ်းမိသားစုများ (ကျား) ၈၉ ဦး၊ (မ) ၇၈ ဦးတို့အားဘီစကစ်မုန့်၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၆၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၂.၄.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အမှု‌ဆောင်များသည် နေပြည်တော်ရုံးအမှတ်(၃၂)၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ယာယီကယ်ဆယ်ရေးစခန်းရှိ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းမိသားစုများ(ကျား) ၈၇ ဦး၊ (မ) ၅၆ ဦးအား ဒေသထွက်စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၄၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၁.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ဓနသိဒ္ဓိအားကစားကွင်း ယာယီကယ်ဆယ်ရေးစခန်းသို့ရောက်ရှိနေသော မိသားစု ၅၂ စု (ကျား) ၆၂ ဦး၊ (မ) ၅၈ ဦးတို့အား ငါးနီတူကြော်၊ ချဉ်ပေါင်ကြော်၊ ကြက်ဥပြုတ်၊ အချိုရည်များ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့် မိသားစုဝင်များ ထိခိုက်မှုများနှင့်အသက်ဆုံးရှုံးခဲ့ရသည့် အသင်းဝင် ၂ ဦး ထံသွားရောက်၍ တစ်ဦးလျှင် ၅ သိန်းကျပ်စီ ကူညီ‌ထောက်ပံ့ပေးကာ နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ လွှတ်တော်ရုံးဝန်းအတွင်း ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများအား လုပ်အားပေးကူညီဆောင်ရွက်နေကြသော တပ်မတော်သားများကို ခေါက်ဆွဲကြော်အထုပ် ၁၀၀ ပေးအပ်လှူဒါန်းခဲ့ပြီး ဗဟိုအသင်းမှ ရုံးဝန်ထမ်း ၆ ဦးကိုလည်း သွားရောက်ပြီး ခေါက်ဆွဲကြော်များလှူဒါန်းကာ အားပေးစကားပြောကြားခဲ့ပါသည်။ လှူဒါန်းငွေ ၁,၅၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်‌နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ပျဉ်းမနားမြို့၊ ဇေယျာရာမ ပရိယတ္တိသီလရှင် စာသင်တိုက်သို့သွားရောက်ကာ ကျောင်းထိုင်ဆရာကြီးအားဖူးမျှော်၍ ငလျင်ဒဏ်‌ကြောင့်ပျက်စီးခဲ့သည့် မုခ်ဦးနှင့် အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ဆောက်လုပ်ရန်အတွက်အလှူငွေ ၁၂ သိန်းကျပ်နှင့် ဆီ ၁၁ ပိဿာ လှူဒါန်းပြီးနောက် အသင်းဗဟိုအလုပ်အမှုဆောင် မိသားစုက ကျောင်းရှိသီလရှင်ဆရာလေး ၇၀ ပါးအတွက် ရေခဲထုပ်များကုသိုလ်ပြု လှူဒါန်းခဲ့ကြပါသည်။ လတ်တလောကျောင်းတွင် သုံးရေအတွက် အခက်အခဲဖြစ်နေ ကြောင်းသိရှိရ၍ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တို့မှ ဂါလံ ၂၀၀၀ ဆံ့ ရေကား ၂