လူမှုရေး

ဆိုလာပန့်စက်ရေတွင်းအောင်မြင်စွာ တူးဖော်ပြီးစီးခြင်း

ဆိုလာပန့်စက်ရေတွင်းအောင်မြင်စွာ တူးဖော်ပြီးစီးခြင်း

မကွေးတိုင်းMWCDFအသင်းနှင့် Sowers Action ဟောင်ကောင်အဖွဲ့တို့ပူးပေါင်း၍မကွေးမြို့နယ် အလယ်ဘို(အ.ထ.က ခွဲ)ကျောင်းတွင် ဆိုလာပန့်စက်ရေတွင်းကို(၂၇၊၁၁၊၂၀၁၉)နေ့တွင် အောင်မြင်စွာ တူးဖော်ပြီးစီးပြီ ဖြစ်၍ သောက်သုံးရေများ စတင်အသုံးပြုနိုင်ပြီဖြစ်ပါ သည်။

စက်ရေတွင်းကို ဆိုလာပန့်တပ်ဆင်ခြင်း နှင့် ဆိုလာပြားတပ်ဆင်ခြင်း

စက်ရေတွင်းကို ဆိုလာပန့်တပ်ဆင်ခြင်း နှင့် ဆိုလာပြားတပ်ဆင်ခြင်း

(၂၅.၁၁.၂၀၁၉)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့သည် ဟောင်ကောင် Sowers Action မှ မကွေးတိုင်း၊ ဖိုလေးလုံးရွာ(ထခွဲ) ကျောင်းအတွက် ဆိုလာဖြင့် ရေရရှိအောင်တူးဖော် လှူဒါန်းသည့် စက်ရေတွင်းကို ဆိုလာပန့်တပ်ဆင်ခြင်း နှင့် ဆိုလာပြားတပ်ဆင်ခြင်းအား လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ပါသည်။

ဆန်၊ ဆီ၊ စားသောက်စရာများ ထောက်ပံ့ပေးခြင်း

ဆန်၊ ဆီ၊ စားသောက်စရာများ ထောက်ပံ့ပေးခြင်း

(၂၄.၁၁.၂၀၁၉)ရက်နေ့ မအူလေးပင်ကျေးရွာမှMWCDF အသင်းအဖွဲ့ဝင်တို့သည် ကျေးရွာတွင်အသင်းမှ ကူညီစောင့်ရှောက်လျက်ရှိသော မသန်စွမ်း ညီမ(၂)ဦး နေအိမ်သို့သွားရောက်၍ ဆန်၊ ဆီ၊ စားသောက်စရာများ ထောက်ပံ့ပေးခဲ့ပါသည်။

ကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် လူထုလမ်းလျှောက် ပွဲသို့တက်ရောက်ခြင်း

ကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် လူထုလမ်းလျှောက် ပွဲသို့တက်ရောက်ခြင်း

(၂၄.၁၁.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် လူထုလမ်းလျှောက် ပွဲသို့ MWCDFအသင်း(ဗဟို)ရုံးအဖွဲ့ နှင့် နေပြည်တော် တိုင်း၊ MWCDFအသင်းအဖွဲ့ တို့ သည် မိတ်ဖက်အဖွဲ့ အစည်းများနှင့်အတူ ပါဝင်လှုပ်ရှားခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ၏ ရက်တစ်သပါတ် လှုပ်ရှားမှုအထိမ်းအမှတ်ပွဲ

စီးပွားရေးလုပ်ငန်းရှင်များ၏ ရက်တစ်သပါတ် လှုပ်ရှားမှုအထိမ်းအမှတ်ပွဲ

ယနေ့ MWCDF (SSS) အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည့် ၂၀၁၉ ရှမ်းပြည်နယ်စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင်အဖွဲ့၏ဖိတ်ကြားချက်အရကမ႓ာလုံးဆိုင်ရာစွန့်ဦးတီထွင် စီးပွားေရးလုပ်ငန်းရှင်များ၏ ရက်တစ်သပါတ် လှုပ်ရှားမှုအထိမ်းအမှတ်ပွဲ နှင့်ရုံးခန်းဖွင့်ပွဲသို့တက်ရောက်ခဲ့ကြပါသည်အခမ်းအနားကို ရှမ်းပြည်နယ် မိခင်နှင့်ကလေး အမျိုးသမီးသမီးရေးရာတို့၏ နာယက ဒေါ်နန်းရွှေမြင့်နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး၏ဇနီး /ရှမ်းပြည်နယ်စွန့်ဦးတီထွင်အမျိုးသမီးများ၏ဥက္ကဌ ဒေါ်နန်းမိုမိုသီတာတို့မှအဖွင့်အမှာစကားပြောကြားကာအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်ဥက္ကဌ ဒေါ်ကေသီအောင်မှ အလှုငွေကျပ် (၅) သိန်းပါဝင်လှုဒါန်းပြီး လုပ်ငန်းရှင်အမျိုးသမီးများ၏ ဝန်ဆောင်မှုလုပ်ငန်းတွင်တွေ့ကြုံနေရသည့် (၁) အားသာချက်(၂) စိန်ခေါ်မှု (၃) အားနည်းချက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်များကို ဟိုတယ် လုပ်ငန်းရှင်များနှင့်ဝန်ဆောင်မှုလုပ်ငန်းလုပ်နေကြသော လုပ်ငန်းရှင်များကိုယ်စား ပါဝင်ဆွေးနွေးကာ ပျော်ရွီင်စွာနေ့လည်စာစားရင်း ရှမ်းပြည်နယ် အမျိုးသမီးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ ခဲ့ကြပါသည်

ရှမ်းနှစ်သစ်ကူးပွဲတော်သို့တက်ရောက်ခြင်း

ရှမ်းနှစ်သစ်ကူးပွဲတော်သို့တက်ရောက်ခြင်း

(၂၁.၁၁.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အဖွဲ့သားများသည် အသင်းဝင် ရှမ်းတိုင်းရင်းသူများ၏ ဖိတ်ကြားချက်ကို ချစ်ခင်လေးစားသောအားဖြင့် ရှမ်းပြည်နယ်တောင်ကြီး မြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသော ရှမ်းနှစ်သစ် ကူးပွဲတော်ကို စည်းလုံးညီညွတ်စွာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပူးပေါင်းပါဝင်ဆင်နွဲကာ တိုင်းရင်းသားချစ်ကြည်ရေးကို အလေးထားကာ တက်ရောက်ခဲ့ကြပါသည်။