လူမှုရေး

စာဖြေသံဃာတော်များအား သာသနာလင်္ကာရ စာမေးပွဲဖြစ်မြောက်နိုင်ရေးနှင့် စာအောင်ဆုနှင်းသဘင်ကျင်းပနိုင်ရေးအတွက် သွားရောက်လှူဒါန်းခြင်း

စာဖြေသံဃာတော်များအား သာသနာလင်္ကာရ စာမေးပွဲဖြစ်မြောက်နိုင်ရေးနှင့် စာအောင်ဆုနှင်းသဘင်ကျင်းပနိုင်ရေးအတွက် သွားရောက်လှူဒါန်းခြင်း

(၁၂.၁၂.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်း MWCDF အသင်းသည် (၃၇)ကြိမ်မြောက် ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ  စာဖြေသံဃာတော် (၁၅၀၀)ပါး စာမေးပွဲဝင်ရောက်ဖြေဆိုကြရာတွင် သာသနာလင်္ကာရစာမေးပွဲကြီးနှင့် စာအောင်ဆုနှင်းသဘင်ကျင်းပနိုင်ရန်အတွက် ပညာပါရမီဖြည့်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူတော်ငွေများ လှူဒါန်းခဲ့ပါသည်။

ဘိုးဘွားရိပ်သာသို့ သွားရောက်ကျွေးမွေးလှူဒါန်းခြင်း

ဘိုးဘွားရိပ်သာသို့ သွားရောက်ကျွေးမွေးလှူဒါန်းခြင်း

(၃.၁၂.၂၀၂၃)ရက်နေ့တွင် တနင်္သာရီတိုင်း MWCDFအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ထားဝယ်မြို့၊ ဘိုးဘွားရိပ်သာသို့သွားရောက်၍ အဖိုး/အဖွားများအတွက် ကြက်သားဆန်ပြုတ်၊ မုန့်နှင့် လက္ဘ်ရည်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

စုပေါင်းဘုံကထိန်ပွဲ၌ လှူဖွယ်ပစ္စည်းများပါဝင်လှူဒါန်းခြင်း

စုပေါင်းဘုံကထိန်ပွဲ၌ လှူဖွယ်ပစ္စည်းများပါဝင်လှူဒါန်းခြင်း

(၂၃.၁၁.၂၀၂၃)ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းစံပြကျေးရွာ၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဗောဓိကုန်းအောင်မြေကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော စုပေါင်းဘုံကထိန်၌ နေပြည်တော်တိုင်း MWCDF အသင်းမှ ပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခြင်း

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခြင်း

(၁၉.၁၁.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး MWCDF အသင်း မိသားစုများ၏ စုပေါင်းကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဂရုဏာပရဟိတ ဇယမင်္ဂလာမဟာစည်သာသနာ့ရိပ်သာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အာဟာရဒါနနှင့် အသုံးဆောင်ပစ္စည်းများ လှူဒါန်းခြင်း

အာဟာရဒါနနှင့် အသုံးဆောင်ပစ္စည်းများ လှူဒါန်းခြင်း

(၁၈.၁၁.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ အမျိုးသမီး (၅၃)ဦးအတွက် နေ့လယ်စာ ထမင်း+ဟင်း လှူဒါန်းခြင်းနှင့် ရေချိုးဆပ်ပြာ၊ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ကွေကာအုတ်တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

သောက်သုံးရေ ရရှိရေးပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း

သောက်သုံးရေ ရရှိရေးပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း

(၁၃.၁၁.၂၀၂၃) မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းရှိ စက်ရေတွင်းအား MWCDF အသင်း(ဗဟိုရုံးချုပ်)မှပံ့ပိုးမှုဖြင့် ပန့်တပ်ဆင်ခြင်းနှင့် စက်ရေတွင်းရေရရှိသည်အထိ လုပ်ငန်းဆောင်တာများ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။