လူမှုရေး

(ဆဌမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်ခြင်း

(ဆဌမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်ခြင်း

(၇.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ မရှိခဏဘုရားကျောင်းတိုက်၌ MWCDF အသင်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၏ (ဆဌမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် သံဃာတော်အရှင်မြတ်များအား ကထိန်ညှပ်ကြီးသင်္ကန်း၊ သိန်း(၃၀)ကျပ် ငွေပဒေသာပင်အလှူတော်နှင့် အခြားလှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ အနုမောဒနာ၊ တရားဒေသနာတော် နာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ၎င်းနောက် သံဃာတော်အရှင်မြတ်များနှင့် သာမဏေများကို နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထားဝယ်ဗုဒ္ဓတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုသူများအား လှူဒါန်းခြင်း

ထားဝယ်ဗုဒ္ဓတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုသူများအား လှူဒါန်းခြင်း

(၂.၁၁.၂၀၂၃) ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းဝင်များသည် တနင်္သာရီတိုင်း ထားဝယ်ဗုဒ္ဓတက်သိုလ်တွင် စာမေးပွဲဖြေဆိုသူ သံဃာတော်များနှင့် ကျောင်းသူ/ ကျောင်းသားများအား အအေးများလှူဒါန်းခြင်း ကုသိုလ်ပြုခဲ့ ကြပါသည်။

ရေပန့်တပ်ဆင်နိုင်ရန်အတွက် အလှူငွေလှူဒါန်းခြင်း

ရေပန့်တပ်ဆင်နိုင်ရန်အတွက် အလှူငွေလှူဒါန်းခြင်း

(၁.၁၁.၂၀၂၃)ရက်နေ့တွင် MWCDF အသင်း ဒုတိယဥက္ကဋ္ဌနှင့် CECများသည် မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာရှိ စက်ရေတွင်းအား ရေပန့်တပ်ဆင်နိုင်ရန်အတွက် လိုအပ်နေသော ကုန်ကျငွေအား အသင်းမှ (၈)သိန်းကျပ်နှင့် အလှူရှင် ဦးသန့်စင်+ဒေါ်အေးအေးခိုင်(မိသားစု)မှ (၁၀)သိန်းကျပ် စုစုပေါင်း-(၁၈)သိန်းကျပ်ကို မကွေးတိုင်းအသင်း ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အသုံးဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

အသုံးဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

(၂၇.၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော် MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့နယ်၊ တောင်သာဘိုးဘွားရိပ်သာသို့ အဖိုးအဖွား (၃၇)ဦးအတွက် စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ၊ အသုံးဆောင်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။

သီလရှင်စာသင်တိုက်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

သီလရှင်စာသင်တိုက်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၀.၂၀၂၃) ရက်နေ့တွင် MWCDF (ဗဟို)အသင်းနှင့် ပြည်နယ်/တိုင်းများမှ စုပေါင်းလှူဒါန်းမှုများကို ပဲခူးတိုင်းဒေသကြီးMWCDF ဥက္ကဌကြီး၏ ဦးဆောင်မှုနှင့်အတူ MWCDF-Bagoအဖွဲ့ဝင်များမှ ပဲခူးမြို့ပေါ်ရှိ ရေလွှမ်းမိုးခံခဲ့ရ‌သော သီလရှင်စာသင်တိုက်များဖြစ်သည့် လိပ်ပြာကန်သီလရှင်စာသင်တိုက်နှင့် သုခိတာရာမသီလရှင်စာသင်တိုက်များကို သွားရောက်၍ လှူဒါန်းခဲ့ကြပါသည်။

ပဲခူးတိုင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းခြင်း

ပဲခူးတိုင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၁၀.၂၀၂၃) သဘာဝဘေးအန္တရာယ်ဖြစ်ပေါသည့် ပဲခူးမြို့၊ ဖောင်တော်ဦးကျောင်းသစ် ရေဘေးစခန်းသို့ MWCDF အသင်းနှင့် ပြည်/နယ်တိုင်းအသင်းများမှ ထမင်းဗူးများ၊ ရေသန့်ဗူးများနှင့် စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။