ပဲခူးရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှု

(၁၁.၁၀.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များမှ ပဲခူးရေဘေးသင့်ပြည်သူများအတွက် အလှူငွေ (၆၅၀,၀၀၀)ကျပ်တိတိအား လှူဒါန်းခဲ့ကြပါသည်။
Myanmar Women and Children Development Foundation

(၁၁.၁၀.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များမှ ပဲခူးရေဘေးသင့်ပြည်သူများအတွက် အလှူငွေ (၆၅၀,၀၀၀)ကျပ်တိတိအား လှူဒါန်းခဲ့ကြပါသည်။

(၁၀.၁၀.၂၀၂၃)နေ့တွင် MWCDF အသင်းမှ နေပြည်တော် ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ဘုန်းတော်ကြီးကျောင်း၌ စာချ + စာသင် သံဃာတော်အပါး (၅၆၀)တို့အား ဆွမ်းဆန် (၅)အိတ်၊ ရေသန့်ဘူး (၃၀၀)နှင့် ဆွမ်းဟင်းများဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

(၁၀.၁၀.၂၀၂၃)နေ့တွင် MWCDF ရုံးချုပ်မှ ပဲခူးမြို့တွင် ရေကြီးရေလွှမ်းမိုးလျက်ရှိသော ဇိုင်းဂနိုင်းတောင်ပိုင်းရှိ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးတော်မူကြသော စာချ+ စာသင် သံဃာတော်အပါး (၅၆၀)တို့အား ဆွမ်း/ဆွမ်းဟင်း ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများကိုလည်း စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်းခဲ့ကြပါသည်။

(၇.၁၀.၂၀၂၃)နေ့တွင် ကချင်ပြည်နယ်၊ MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့၊ ဥတ္တရာရုံသီလရှင်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းရှိ သီလရှင်ဆရာလေးများနှင့် ကျောင်းသား/သူများအား နေ့ဆွမ်းအာဟာရဒါန လှူဒါန်းခြင်း၊ အလှူငွေ၊ စာရေးကိရိယာ၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

(၅.၁၀.၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့ပါသည်။

(၃.၁၀.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် အောင်ချမ်းသာ(ပရဟိတ) သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာကြီးထံ ကျောင်းရှိ သီလရှင်ဆရာလေးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများအတွက် အလှူငွေ၊ စာရေးကိရိယာ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။