လူမှုရေး

ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၃.၁၀.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့၊ ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာကြီးထံ ကျောင်းရှိ သီလရှင်ဆရာလေးများအတွက် အလှူငွေ၊ လှူဘွယ်ခြင်း၊ စာရေးကိရိယာ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်း၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်၍ ဘိုး/ဘွားများအား ကန်တော့ခြင်း

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်၍ ဘိုး/ဘွားများအား ကန်တော့ခြင်း

(၁.၁၀.၂၀၂၃)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မကွေးတိုင်း၊ မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်၍ အဘိုး/အဘွား(၇၀)ဦးအား ကန်တော့ပစ္စည်းများနှင့် ကန်တော့ပြီး ဆေးကုသပေးမှုတွင် လုပ်အားပေးခဲ့ပါသည်။

ပြင်ကြီး သာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပြင်ကြီး သာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၉.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း MWCDF အသင်း အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီး သာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာကြီးထံ ဝတ္ထုငွေ၊ သီလရှင်ဝတ်စုံ၊ လှူဖွယ်ခြင်း၊ စာရေးကိရိယာ၊ စားသေက်ကုန်နှင့် ဆေးဝါးများ လှူဒါန်းခဲ့ပါသည်။

အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း

အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း

(၁၆.၉.၂၀၂၃)ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌ သည် ထားဝယ်မြို့၊ အ.ထ.က(၂) နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သော မြို့နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။

ထောက်ပံ့ကြေးငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်ခြင်း

ထောက်ပံ့ကြေးငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၅.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌ သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၃-၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။