လူမှုရေး

သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

(၁.၁၀.၂၀၁၉)ရက်နေ့တွင် နေပြည်တော်၊ MICC-2 ၌ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ MWCDF အသင်းမှ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြ ပါသည်။

၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

(၁.၁၀.၂၀၁၉)ရက်နေ့ မကွေးတိုင်းဒေသကြီးMWCDF အသင်းမှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် မကွေးမြို့၌ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်၍ “ အသက်ကြောင့်မခွဲခြား၊ တို့ဘိုးဘွား၊ စွမ်းအားတူညီ လျှေက်လှမ်းမည်” ဆောင်ပုဒ်အတိုင်း အဖွဲ့ဝင်များမှ ဘိုး/ဘွား(၇၂)ဦးအတွက် အလှူငွေ-(၇၂၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည် ။

ကလေး သူငယ်ဆိုင်ရာအခွင့်အရေး နှင့် သက်ငယ်မုဒိန်းအကြာင်း ဟောပြောခြင်း

ကလေး သူငယ်ဆိုင်ရာအခွင့်အရေး နှင့် သက်ငယ်မုဒိန်းအကြာင်း ဟောပြောခြင်း

(၂၉-၉-၂၀၁၉)ရက်နေ့ မကွေးတိုင်းဒေသကြီး MWCDF အသင်းသည် နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာ ထ(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများအား ကလေး သူငယ်ဆိုင်ရာအခွင့်အရေး နှင့် သက်ငယ်မုဒိန်းအကြာင်း ဟောပြောပြီး သိလိုသည်များကို မေးမြန်းစေကာ ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ကလေးများအား အာဟာရမုန့်များ ဝေငှခဲ့ပါသည်။ ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း သို့လည်း နဝကမ္မငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အာဟာရ ကုသိုလ်ကျွေးမွေးခြင်း

အာဟာရ ကုသိုလ်ကျွေးမွေးခြင်း

(၂၈.၉.၂၀၁၉)ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့ နယ်၊ မဟာမြိုင်ကျေးရွာ MWCDFအသင်းမှ ဥပုသ်သည် များနှင့် ကျောင်းသား/သူ များကို အုန်းနို့ခေါက်ဆွဲ အာဟာရ ကုသိုလ်ပြုခဲ့ကြပါသည်။

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတက် ရောက်ခြင်း

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတက် ရောက်ခြင်း

(၂၃.၉.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အစိုးရအဖွဲ့အစည်းမှ ကျင်းပပြုလုပ်သော ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် ပျိုးဥယာဉ်မူကြိုကျောင်း မှ ကလေးများအား သွားရောက်အားပေးကြည့်ရှုခြင်း တို့တွင် မွန်ပြည်နယ် MWCDFအသင်းမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။

ရေတွင်းဖြူ(ဘ.က)ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

ရေတွင်းဖြူ(ဘ.က)ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၁၆.၉.၂၀၁၉)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းနှင့် အလှူရှင်များစုပေါင်း၍ ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာရပ်ကွက် အမှတ်(၉)၊ ရေတွင်းဖြူ(ဘ.က)ကျောင်း၌ ကျောင်းထိုင် ဆရာတော် ဦးတိက္ခဉာဏ အား နေ့ဆွမ်း၊ ၀တ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူ ဒါန်းပြီး (ဘ.က)ကျောင်းတွင် တက်ရောက်နေသော ကျောင်းသား/သူ စုစုပေါင်း(၈၅ )ဦး၊ ဆရာ/ ဆရာမ ဦးရေ(၆)ဦး တို့အား နေ့လည်စာ ထမင်း၊ ဟင်း၊ ရေခဲမုန့်များ နှင့် စာအုပ်၊ ခဲတံများ သွား ရောက်လှူဒါန်းခဲ့ကြပါသည်။