လူမှုရေး

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

(၁၂.၉.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ရုံးချုပ်၌ ကျင်းပပြုလုပ်သော စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ရတနာစံပရိယတ္တိစာသင်တိုက်မှ သံဃာတော်အရှင်မြတ်(၅)ပါး ပင့်ဖိတ်၍ ဒုတိယဥက္ကဌ(၂)ဦး၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များသည် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ လှူဒါန်းပြီး နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အသံမစဲပဌာန်းပွဲတွင် အလှူငွေ လှူဒါန်းခြင်း

အသံမစဲပဌာန်းပွဲတွင် အလှူငွေ လှူဒါန်းခြင်း

(၄.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းသည် နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသော လယ်ဝေးမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဌာန်းမြတ်ပူဇော်ပွဲတွင် အလှူငွေ(၂)သိန်းကျပ် ပါဝင်လှူဒါန်းခဲ့ပါသည်။

အသင်းဝင်သစ်များအား ဝတ်စုံများ ပေးအပ်ခြင်း

အသင်းဝင်သစ်များအား ဝတ်စုံများ ပေးအပ်ခြင်း

(၃.၉.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် အသင်းအဖွဲ့ဝင် အသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခဲ့ပါသည်။

ဒဂုံသီရိပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း

ဒဂုံသီရိပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း

(၃-၉-၂၀၂၃)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မြောက်ဒဂုံ ၃၃ ရပ်ကွက်၊ ဒဂုံသီရိပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ပြီး နဝကမ္မဝတ္ထုငွေ၊ အချိုရည်၊ မုန့်မျိုးစုံနှင့် ဆပ်ပြာများ လှူဒါန်းခဲ့ပါသည်။

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်၍ အလှူငွေ၊ ကျောင်းသုံးစာရေး ကိရိယာ၊ ကလေးကစားစရာအရုပ်များ၊ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ဘုရားဖူးလာရောက်ကြသူများအား ရေသန့်ဒါနပြု လှူဒါန်းမှု

ဘုရားဖူးလာရောက်ကြသူများအား ရေသန့်ဒါနပြု လှူဒါန်းမှု

(၂၇.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော် မာရဝိဇယဘုရားကြီးသို့ ဘုရားဖူးလာရောက်ကြသူများအား သောက်ရေသန့်ဘူးများဖြင့် ဒါနပြု လှူဒါန်းခဲ့ကြပါသည်။