လူမှုရေး

မိဘမဲ့ကလေးများဖွံ့ဖြိုးရေးဂေဟာသို့သွားရောက်လှူဒါန်းခြင်း

မိဘမဲ့ကလေးများဖွံ့ဖြိုးရေးဂေဟာသို့သွားရောက်လှူဒါန်းခြင်း

(၁၀.၉.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ကချင်ပြည်နယ်)ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်လေးမေ၏ မွေးနေ့အလှူအဖြစ် စီတာပူ ဂျပန်လမ်းထိပ်ရှိ မိဘမဲ့ကလေးများဖွံ့ဖြိုးရေးဂေဟာသို့ ပြည်နယ်အဖွဲ့ဝင် များနှင့်အတူ စားသောက်စရာများ သွားရောက်လှူဒါန်း ပေးခဲ့ပါသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု့တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီပြိုင်ပွဲသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံ လူကုန်ကူးမှု့တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီပြိုင်ပွဲသို့ တက်ရောက်ခြင်း

(၆.၉.၂၀၁၉)ရက်နေ့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) မွန်ပြည်နယ်အသင်း မှ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်( ၉ ) လူကုန်ကူးမှု့တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှု့တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီပြိုင်ပွဲသို့ တက်ရောက်အားပေးခဲ့ပါသည်။

ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခြင်း

ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခြင်း

(၄. ၉. ၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်းမှ တာဝန်ရှိသူများသည် ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာတွင် လူမှုရေးကိစ္စကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့သော သမီးငယ်လေးနှင့်တွေ့ဆုံ၍ သမီးငယ်လေး၏ အနာဂါတ်သာယာစေရန်ရည်ရွယ်ကာ နှစ်သိမ့်ဆွေးနွေးအားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ အမျိုးသမီးငယ်လေးများ၏ ဘဝလုံခြုံရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံကာ လူသူအများမြင်နိုင်သည့် လမ်း/နေရာများတွင် ပအို့ဘာသာစကား၊ မြန်မာဘာသာစကားများဖြင့် အသိပညာပေးပိုစတာများ ကပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

MISTER &MISS Myanmar Beauty Paradise Bago 2019 Grand Final ပြိုင်ပွဲ သို့တက်ရောက် ခြင်း

MISTER &MISS Myanmar Beauty Paradise Bago 2019 Grand Final ပြိုင်ပွဲ သို့တက်ရောက် ခြင်း

၂၅.၈.၂၀၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြင့်တင်ရေးအသင်း(MWCDF) ပဲခူးတိုင်: ဒေသကြီး မှ တိုင်း ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များက MISTER &MISS Myanmar Beauty Paradise Bago 2019 Grand Final ပြိုင်ပွဲ ၌  အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။

ဝါဆိုသံဃာ(၃၇၇)ပါးတို့ အားဆွမ်းကြီးလောင်းလှူပူဇော်ခြင်း

ဝါဆိုသံဃာ(၃၇၇)ပါးတို့ အားဆွမ်းကြီးလောင်းလှူပူဇော်ခြင်း

(24.8.2019.)Myanmar Women and Children Development Foundation ( MWCDF)- မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းကြီး-ပဲခူးတိုင်းဒေသကြီးမှ အလုပ်အမှု ဆောင်များနှင့် အဖွဲ့ဝင်များစုပေါင်း၍ ပဲခူးမြို့၊ပန်းခြံကုန်းရပ် သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်စာသင်တိုက်ကြီး၏ ပဓာန နာယကဆရာတော်ဘုရားကြီး       ဘဒ္ဒ န္တသီရိန္ဒ (၇၈)နှစ်ပြည့် မွေးနေ့အလှူတော်တွင် ဝါဆိုသံဃာ(၃၇၇)ပါးတို့ အားဆွမ်းကြီးလောင်းလှူပူဇော်ခြင်းတွင်ပါဝင်လောင်းလှူခဲ့ကြပါသည်။

ရေဘေးသင့်ခဲ့သောပြည်သူများအား စိတ်ရင်းစေတနာဖြင့် ကူညီပေးခဲ့ကြသောတပ်မတော်သားများအားအစားအသောက်များနှင့်အ၀တ်အထည်များလှူဒါန်းခြင်း

ရေဘေးသင့်ခဲ့သောပြည်သူများအား စိတ်ရင်းစေတနာဖြင့် ကူညီပေးခဲ့ကြသောတပ်မတော်သားများအားအစားအသောက်များနှင့်အ၀တ်အထည်များလှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)ရက်နေ့တွင် MWCDFအသင်းမှ CECများ နှင့် ပြည်နယ်အဖွဲ့ဝင်များသည် ရေးမြို့နယ် ရေဘေးသင့် ခဲ့သော အိမ်ထောင်စုများ၊ ပျက်စီးသွားသော လမ်းများ အား စိတ်ရင်းစေတနာဖြင့် ကူညီပေးခဲ့ကြသော နယ်မြေ ခံတပ်ရင်းမှ တပ်မတော်သားများအတွက် စောင်၊ ခြင်ထောင်၊ စားသောက်စရာများ၊ အဝတ်အထည်များ၊ ဆိုလာမီးအိမ်များ၊ ပုဇွန်ခြောက်ကြော်များ၊ လက်ဖက် အကြော်စုံများအား တပ်ရင်းတွင်ရှိသော အရာရှိများနှင့် မိသားစုများထံသို့ပေးအပ်ခဲ့ကြပါသည်။