လူမှုရေး

ရေနစ်မြုတ်ခဲ့သော အမှတ်(၅)မူလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူကလေး များအတွက်ဗလာစာအုပ်များ၊ မုန့်များလှူဒါန်းခြင်း

ရေနစ်မြုတ်ခဲ့သော အမှတ်(၅)မူလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူကလေး များအတွက်ဗလာစာအုပ်များ၊ မုန့်များလှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း(MWCDF)မှ ဗဟိုအလုပ်အမှုဆောင်များ(CEC)နှင့် ပြည်နယ်အဖွဲ့ဝင်များသည် ရေးမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်ရှိ ရေနစ်မြုတ်ခဲ့သော အမှတ်(၅)မူလွန်ကျောင်းသို့ သွား ရောက်၍ ကျောင်းသား/သူကလေး များအတွက် ဗလာ စာအုပ်(၈၀)ဒါဇင်၊ မုန့်ဖါ(၁)ဖါ၊ ဘီစကစ် အထုတ်ကြီး(၄)ထုပ်တို့အား ပေးအပ်လှူဒါန်းခဲ့ပြီး၊ KGကျောင်းသား /သူကလေး များအား မုန့်ထုတ်များပေးဝေခဲ့ကြပါသည်။

ရေဘေးသင့်ပြည်သူများအားအစားအသောက်နှင့်အသုံးအဆောင်များ ထောက်ပံ့လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအားအစားအသောက်နှင့်အသုံးအဆောင်များ ထောက်ပံ့လှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)ရက်နေ့တွင် MWCDF အသင်းမှ CECများနှင့် ပြည်နယ်အဖွဲ့ဝင်များသည် ရေးမြို့နယ်၊ ဘက္က လယ်ခြံစုသို့ သွားရောက်ခဲ့ပြီး ရေနစ်မြုတ်ခဲ့သော အိမ်ထောင်စု(၃၅)စုအတွက် စောင်၊ မျက်နှာသုတ်ပုဝါ၊ ခြင်ထောင်၊ အဝတ်အထည်၊ ဆေးအိတ်၊ ဖျာများ၊ ဖယောင်း တိုင်၊ ပုဇွန်ခြောက်ကြော်၊ လက်ဖက်အကြော်စုံများ၊ ငါးသေတ္တာများနှင့် ကျောင်းသား(၂)ဦးအတွက် ဗလာစာအုပ်များပေးအပ်လှူဒါန်းခဲ့ပြီး ၎င်းခြံစုအတွင်းတွင် သတင်းသုံးနေသော ဓမ္မိကာရုံဘိုကလေးတောရကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးက္ကုန္ဒဝုဓအား ဖူးမျော်ကန်တော့၍ သင်္ကန်း၊ မုန့်ဖါ၊ ခေါက်ဆွဲခြောက်ဖါနှင့် ၀တ္ထုငွေများအား ပေးအပ်လှူဒါန်း၍ တရားနာယူခဲ့ကြပါသည်။  

မွန်ပြည်နယ်ရှိရေဘေးဒဏ်ခံစားခဲ့ရသူများအားထောက်ပံ့လှူဒါန်းခြင်း

မွန်ပြည်နယ်ရှိရေဘေးဒဏ်ခံစားခဲ့ရသူများအားထောက်ပံ့လှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)ရက်နေ့တွင်မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ တွဲဘက်အတွင်းရေးမှူး နှင့် CECများ၊ ပြည်နယ်MWCDFအဖွဲ့ဝင်များသည် ရေးမြို့နယ်၊ ကျောင်းရွာအုပ်စု၊ ကံလှကျေးရွာသို့ရောက်ရှိပြီး ရေဘေးဒဏ်ခံစားခဲ့ရသော အိမ်ထောင်စု(၉၈)အိမ်မှ ကျေးရွာသူ/သားများနှင့် တွေ့ဆုံ၍ ရေဘေးသင့်ခဲ့သော မိသားစုများအား နှစ်သိမ့်အားပေးစကားပြောကြား၍ အိမ်ထောင်စုများအတွက် စောင်၊ ခြင်ထောင်၊ အဝတ်အထည်များ၊ မျက်နှာသုတ်ပုဝါ၊ ပုဇွန်ခြောက်ကြော်၊ လက်ဖက်အကြော်စုံ၊ ငါးသေ တ္တာ၊ ဖယောင်းတိုင်များ ပေးအပ်ခဲ့ကြပါသည်။ ၎င်းကျေးရွာတွင် ရေးမြို့နယ်၊ ကျောင်းရွာမှ တစ်ရွာလုံးရေနစ်မြုတ်ပြီး ရေဘေးသင့်ဒဏ်ခံစားခဲ့ရ၍ ကံလှရွာ တွင် ရောက်ရှိနေသော ရေဘေးသင့် အိမ်ထောင်စု(၆၅)စုမှ ကျေးရွာသူ/သားများအတွက် လိုအပ်လျှက်ရှိသော

အမ္မပြုကျင့်ခံရသည့် ပိုလီယိုမိန်းကလေးမှမွေးဖွားသောကလေးအတွက်ပစ္စည်းအသုံးအဆောင်နှင့်ထောက်ပံ့ငွေများပေးအပ်ခြင်း

အမ္မပြုကျင့်ခံရသည့် ပိုလီယိုမိန်းကလေးမှမွေးဖွားသောကလေးအတွက်ပစ္စည်းအသုံးအဆောင်နှင့်ထောက်ပံ့ငွေများပေးအပ်ခြင်း

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အလိုမတူ မုဒိမ်းကျင့်ခံရသော(၁၇)နှစ်အရွယ် ပိုလီယို မိန်းကလေးမှ ကလေးမွေးဖွားခဲ့ပြီး အခက်အခဲဖြစ်နေပါသည်ဟု အကူ အညီတောင်းခံလာရာ နေပြည်တော်တိုင်း MWCDF အဖွဲ့မှ (၂၁.၈.၂၀၁၉)နေ့တွင် သွားရောက်တွေ့ဆုံပြီး လိုအပ်သော ပစ္စည်းအသုံးအဆောင်နှင့် ထောက်ပံ့ငွေများပေးအပ် လှူဒါန်းကာ နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

ချောင်းဆုံမြို့နယ်၊ တောင်စွန်း မူနိုင်းကျေးရွာရှိ ဒီပါရုံ စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ချောင်းဆုံမြို့နယ်၊ တောင်စွန်း မူနိုင်းကျေးရွာရှိ ဒီပါရုံ စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၀.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် CECအဖွဲ့ဝင်များ သည် မွန်ပြည်နယ်၊ MWCDFအဖွဲ့ဝင်များနှင့်အတူ ချောင်းဆုံမြို့နယ်၊ တောင်စွန်း မူနိုင်းကျေးရွာရှိ ဒီပါရုံ စာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသာဘိဓဇ (သာသနဓဇ ဓမ္မာစရိယ ဝိနယဝိဒူ) အား ဖူးမျှော်ကန်တော့ကာ ၀တ္ထုငွေ၊ သင်္ကန်း၊ လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ငါးပါးသီလတရားတော်များ နာယူကာ ရေစက်ချ အမျှဝေခဲ့ကြပါသည်။  

မွန်ပြည်နယ်တွင် ရေဘေးအန္တရာယ်နှင့်ကြုံတွေ့နေရသော ပြည်သူများအား မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေး သူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ သွားရောက်ကူညီထောက်ပံ့ခြင်း

မွန်ပြည်နယ်တွင် ရေဘေးအန္တရာယ်နှင့်ကြုံတွေ့နေရသော ပြည်သူများအား မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေး သူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ  သွားရောက်ကူညီထောက်ပံ့ခြင်း

(၂၀.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ တွဲဘက်အတွင်းရေးမှူးနှင့် CECအဖွဲ့ဝင်များသည် ရေကြီး၍ ရေဘေးဒဏ်ခံစားနေရသူများအား ကယ်ဆယ် ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရန် မော်လမြိုင်မြို့သို့ သွားရောက်ခဲ့ပါသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်MWCDF အဖွဲ့များနှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ် ကလော့ကျေးရွာ အုပ်စုတွင် မြေပြို၍ပျက်စီးသွားသော အိမ်ထောင်စု(၈) စုအား MWCDFအသင်းဗဟိုမှ စောင်၊ ခြင်ထောင်၊ တဘက်၊ မီးအိမ်များ၊ စာအုပ်၊ မုန့်များ၊ အဝတ်အထည် များအား အိမ်ထောင်စုတစ်စုချင်းစီအလိုက် ပေးအပ် လှူဒါန်းခဲ့ပြီး နှစ်သိမ့်အားပေး စကားများပြောကြား ခဲ့ပါသည်။ ဆက်လက်၍ မွန်ပြည်နယ်