လူမှုရေး

တောင်ပေါက်နှီးဘုရား ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

တောင်ပေါက်နှီးဘုရား ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၈.၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ် MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ တောင်ပေါက်နှီးဘုရား ဘုန်းတော်ကြီးကျောင်းသိုသွားရောက်၍ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စာသင်သံဃာ(၄၄)ပါးအတွက် ဝတ္ထုငွေနှင့် ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပုဝါများ လှူဒါန်းခဲ့ပါသည်။

ဘုရားဖူးလာရောက်ကြသူများအား ရေသန့်ဒါနပြု လှူဒါန်းမှု

ဘုရားဖူးလာရောက်ကြသူများအား ရေသန့်ဒါနပြု လှူဒါန်းမှု

(၁၉.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော် မာရဝိဇယဘုရားကြီးသို့ ဘုရားဖူးလာရောက်ကြသူများအား သောက်ရေသန့်ဘူးများဖြင့် ဒါနပြု လှူဒါန်းခဲ့ကြပါသည်။

နေပြည်တော်တိုင်း MWCDF အသင်းမှ ဝါဆိုသင်္ကန်းကပ်လှူခြင်း

နေပြည်တော်တိုင်း MWCDF အသင်းမှ ဝါဆိုသင်္ကန်းကပ်လှူခြင်း

(၁၉.၈.၂၀၂၃)ရက်နေ့၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ဗောဓိကုန်းကျောင်းတိုက်၌ နေပြည်တော်တိုင်း MWCDF အသင်းမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်၍ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၂.၈.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပညာမွန်ရေဘေး ကယ်ဆယ်ရေးစခန်းရှိ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် လူဦးရေ(၁၀၀၀)ကျော်အား ထမင်းဟင်းများ၊ ပေါင်မုန့်နှင့် မုန့်ခြောက်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ လမင်းပရိယတ္တိစာသင်တိုက်ကျောင်းရှိ စာသင်သာမဏေပေါင်း (၅၃)ပါးနှင့် ရဟန်းသံဃာတော်များ ဆွမ်းအတွက် အလှူငွေ-(၃)သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဘားအံမြို့နယ်၊ ရေကြီးနစ်မြုပ်နေသော သုခဝတီသီလရှင်စာသင်တိုက်သို့ အလှူငွေနှင့် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်း(ဆယ်အိမ်စု)ကျေးရွာ၊ ကျေးရွာဓမ္မာရုံရေဘေးစခန်းရှိ အိမ်ထောင်စုများအတွက် ခေါက်ဆွဲခြောက်၊ ရေသန့်ကဒ်၊ စားဆီ၊ အသားတုခြောက်များ ပို့ဆောင်လှူဒါန်းခဲ့ပါသည်။