လူမှုရေး

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုပေါင်း(၈၅)စု လူဦးရေပေါင်း-(၃၈၅)ဦးအတွက် ခေါက်ဆွဲခြောက်နှင့် ရေသန့်ကဒ်များ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ ရေကြီးနစ်မြုပ်နေသော ဇမ္ဗူမြိုင်သီလရှင်စာသင်တိုက်ရှိ ဆရာကြီးနှင့် ဆရာလေးအပါး(၁၅၀)တို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

သီရိမင်္ဂလာ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

သီရိမင်္ဂလာ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၈.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်တို့သည် ဥတ္တရသီရိ မြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ သီရိမင်္ဂလာ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ကျောင်းရှိ သံဃာတော်များ၊ စာသင်ကိုရင်လေးများအတွက် နဝကမ္မဝတ္ထုအလှူ၊ ဝါဆိုသင်္ကန်း၊ လှူဖွယ်စုံများ၊ ဆေးဝါး၊ စာရေးကိရိယာ၊ အခြေခံစားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် သုမေဓါရာမကြားတောရကျောင်းရှိ အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၃၅)ဦးအတွက် မာမားခေါက်ဆွဲခြောက်(၃၂)ဖါ၊ ရေသန့်ကြီး(၂၅)ကဒ် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပညာမွန် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသော ရေဘေးသင့်ပြည်သူများနှင့် ရပ်ကွက်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား စားသောက်ကုန်များ၊ ထမင်းထုပ်၊ ရေဘူး၊ ခေါက်ဆွဲခြောက်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

သုဝဏ္ဏဘူမိခေမာရာမ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

သုဝဏ္ဏဘူမိခေမာရာမ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၅.၈.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်း MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်များ စုပေါင်း၍ မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်ရှိ သုဝဏ္ဏဘူမိ ခေမာရာမသီလရှင်စာသင်တိုက်တွင် နေ့ဆွမ်းဆက်ကပ်ပြီး ဝတ္ထုငွေ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။