ဝါဆိုသင်္ကန်းကပ်လှူခြင်း

(၂၇.၇.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ သာသနာ့ဗိမ္ဗာန်တော်ကြီး၌ တိုင်းအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပါဝင်ကုသိုလ်ပြု လှူဒါန်းဆက်ကပ်ခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၂၇.၇.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ သာသနာ့ဗိမ္ဗာန်တော်ကြီး၌ တိုင်းအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပါဝင်ကုသိုလ်ပြု လှူဒါန်းဆက်ကပ်ခဲ့ပါသည်။

(၂၆.၇.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဇေယျာသီရိ မြို့နယ်၊ သုဇနကာရီ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းရှိ ကလေးများအတွက် အာဟာရနေ့လည်စာ၊ ညနေစာ ၊ မုန့်နှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

(၁၉.၇.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တိုင်းအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

(၁၅.၇.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ “ဆင်းရွှေလီဘိုးဘွားရိပ်သာ” သို့ သွားရောက်၍ အဘိုးအဘွားများအား အလှူငွေ၊ မျက်နှာသုတ်ပုဝါ၊ ရေချိုးဆပ်ပြာနှင့် မုန့်များ လှူဒါန်းခဲ့ပါသည်။

(၁၅.၇.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ ပါရမီလမ်း၊ ရပ်ကွက်(၁)တွင်ရှိသော “သက်စမ်းရေ” မိဘမဲ့ကလေးကျောင်းသို့ အလှူငွေနှင့် စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

(၁၄.၇.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တိုင်းလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်၍ နေ့လည်စာအာဟာရ၊ ဆင်းတုတော်၊ စိတ်ပုတီး၊ တရားစာအုပ်၊ အဝတ်ထည့်ကော်ပုံးနှင့် လက်ဖက်ခြောက်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။