လူမှုရေး

ဟားခါးမြို့၊ ဗေသလဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

ဟားခါးမြို့၊ ဗေသလဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

MWCDFအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် (၅.၄.၂၀၁၉)နေ့တွင် ဟားခါးမြို့တွင်ရှိသော ဗေသလ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုး၊ အဘွား(၂၈)ဦးအတွက် အလှူငွေ(၅၀,၀၀၀)ကျပ်၊ မျက်နှာသုတ် ပုဝါများ၊ မုန့်မျိုးစုံနှင့် လက်ဖက်အကြော်စုံ စုစုပေါင်း-(၂၄၀,၀၀၀)ကျပ်ဘိုး ပေးအပ်လှူဒါန်းခဲ့ပြီး သက်ကြီး ဘိုးဘွားများအား အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့ပါသည်။

ဟားခါးမြို့၊ သုခိတာရုံသာသနာပြု သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်

ဟားခါးမြို့၊ သုခိတာရုံသာသနာပြု သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်

MWCDF အသင်းဥက္ကဋ္ဌနှင့် CEC များသည် (၄.၄.၂၀၁၉)ရက်နေ့၊ (၁၆း၃၀)နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ သုခိတာရုံသာသနာပြု သီလရှင်စာသင်တိုက်သို့ ရောက်ရှိပြီး သီလရှင်ဆရာလေးများနှင့်တွေ့ဆုံပြီး အသင်းမှ သီလရှင်(၃၀)ဦးအတွက် သီလရှင်ဝတ်စုံများ၊ ဆန်အိတ်များ၊ အစားအသောက်များ၊ ပြက္ခဒိန်များ၊ အချိုရည်များဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဟားခါးမြို့၊ ဇိအုန်လူငယ်ဖွ့ံဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

ဟားခါးမြို့၊ ဇိအုန်လူငယ်ဖွ့ံဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

MWCDF အသင်းဥက္ကဋ္ဌနှင့် CEC များသည် (၄.၄.၂၀၁၉)ရက်နေ့၊ (၁၆းဝ၀)နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဇိအုန်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ရောက်ရှိခဲ့ပြီး အသင်းအုပ်ဆရာနှင့် ကျောင်းသား/သူ (၄၀)ဦးအားတွေ့ဆုံ၍ အသင်းဥက္ကဋ္ဌနှင့် CEC များမှ ကျောင်းသား/သူကလေးများအား စိတ်ဓါတ်ခွန်အား မြှင့်တင်ခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစားအသောက်များ၊ ကစားစရာအရုပ်များ၊ ဆန်အိတ်များ လှူဒါန်းခဲ့ပြီး ကျောင်းသား/သူကလေးများနှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

ဝဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

ဝဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

MWCDF အသင်းမှ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌနှင့် CECများသည်(၂၂.၃.၂၀၁၉)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ခွါညိုပန်း အဝိုင်းအနီး ဝဇိရာနန္ဒဓမ္မစင်တာကျောင်းတိုက်၌ ဆင်ယင်ကျင်းပသော ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တ နန္ဒမာလာဘိဝံသ၏ ၇၉-နှစ် ပြည့်မွေးနေ့ ဂုဏပူဇာ ဝိဇာတမင်္ဂလာ နှင့် ဝဇိရာနန္ဒဓမ္မစင်တာ သာသနိကအဆောက်အအုံများကို ရေစက်ချလှူဒါန်းခြင်းနှင့် ပင့်သံဃာတော် အပါး ၃၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ အသင်းမှ ဗလာစာအုပ်၊ ဒဏ်ကြေလိမ်းဆေးနှင့်