လူမှုရေး

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်‌နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ သဲကျွန်းကျေးရွာ ရတနာစံပြ(ဘ.က)ကျောင်းသို့သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အားဖူးမျှော်၍ ငလျင်ဒဏ်‌ကြောင့်ပျက်စီးခဲ့သည့် ဆရာတော်ကြီးနှင့်သံဃာတော်များ သီတင်းသုံးသည့်ကျောင်းဆောင် (၁)ဆောင်ပြန်လည်ပြုပြင်ဆောက်လုပ်ရန်အတွက် နဝကမ္မအလှူငွေ ၁၀ သိန်းကျပ်နှင့် ဆီ ၁၀ ပိဿာ၊ ငှက်သိုက်ဗူး၊ ကြက်ပေါင်းဗူး၊ ဆေးဝါးများ လှူဒါန်းပြီးနောက်အသင်း ဗဟိုအလုပ်အမှုဆောင် မိသားစုက သံဃာတော်များနှင့်အလုပ်သမားအဖွဲ့အား ရေခဲထုပ်များ ကုသိုလ်ပြုခဲ့ကြပါသည်။

ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း

ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း

၉.၄.၂၅ ရက်နေ့တွင် ရတနာ့သုတ်တော်ရွတ်ဖတ်ပူဇော်ခြင်းကုသိုလ်ကို ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများ နှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမိသားစုဝင်များက စုပေါင်း၍ဆောင်ရွက်ခဲ့ကြပါသည်။ ၉.၄.၂၅ ရက်နေ့မှစ၍ (၉)ရက်တိုင်ပူ‌ဇော်ခြင်း ကုသိုလ်ပြုကြပါသည်။

ဇီဝိတဒါန ငါးလွှတ်ခြင်း

ဇီဝိတဒါန ငါးလွှတ်ခြင်း

၉.၄.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အမှုဆောင်များသည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့ဦးစေတီရှိ မင်္ဂလာကန်တော်အတွင်းသို့ ဇီဝိတဒါနငါးအကောင်ရေ ၉,၀၀၀ ဘေးမဲ့လွှတ်ပွဲတွင် ပါဝင်ကုသိုလ်ပြုခဲ့ပါသည်။

ဇီဝိတဒါန ငါးလွှတ်ခြင်း

ဇီဝိတဒါန ငါးလွှတ်ခြင်း

၉.၄.၂၅ ရက်‌နေ့ညနေ (၅)နာရီအချိန်တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လိပ်ပြာကန်ကြီး၌ ငါးများဇီဝိတဒါနလွှတ်ပြီး ကုသိုလ်ပြုခဲ့ကြပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၈.၄.၂၅ ရက်‌နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်များက နေပြည်တော် ကယ်ဆယ်ရေးစခန်းများရှိ ငလျင်ဒဏ်ခံရသော ဝန်ထမ်းမိသားစု ၃၆၀ စု၊ လူဦးရေ(ကျား) ၃၈၅ ဦး၊ (မ) ၃၇၂ ဦးအား ငါးနီတူကြော်၊ ငပိချက်၊ လက်ဖက်၊ ပဲကြော်၊ ကော်ဖီမစ်၊ ရေသန့်ဗူးစသည့် စားသောက်ဖွယ်ရာများအား သွားရောက်ကူညီလှူဒါန်းပေးရင်း အားပေးစကားများပြောကြားခဲ့ပါသည်။ လှူဒါန်းမှုမှာ ၅၃၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၆.၄.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့်အမှုဆောင်များ၊ အဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်ပြုလုပ်သည့် သဲဖြူဆရာတော်ကြီးနှင့် ရှင်အပါး (၅၅၀၀) ဆွမ်ဆန်စိမ်းလောင်းလှူပွဲသို့ သွားရောက်၍ အချိုရည်ဗူး၊ ခေါက်ဆွဲထုပ်၊ ချောကလက်ဘီစကစ်၊ Wet Towerများ လှူဒါန်းလောင်းလှူခဲ့ပါသည်။ ကုသိုလ်ပြုလှူဒါန်းမှု ၁,၄၅၅,၈၀၀/- ကျပ်ဖြစ်ပါသည်။