လူမှုရေး

လေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

လေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

(၉.၅.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်မြေကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများ သောက်သုံးရေ ရရှိရေးနှင့် ကျေးရွာရှိ ပျက်စီးသွားသော မိုးကောင်းစေတီတော်မြတ်နှင့် အရံစေတီများ၊ သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ-(၃၇)သိန်းကို ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁.၄.၂၀၂၃)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း မဟာဂန္ဓာရုံကျောင်းတိုက်၌ (၂၁-၃-၂၀၂၃ မှ ၃-၄-၂၀၂၃)ရက်နေ့အထိ ကျင်းပနေသော ပဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်နှင် သီလရှင်(၂၉၇)ပါးအား ဝတ္ထုငွေနှင့် အချိုရည်များလှူဒါန်းခြင်း၊ ကြီးကြပ်ဆရာတော် (၂၅)ပါးအား ကိုယ်ပတ်သင်္ကန်းနှင့် အချိုရည် ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ရွှေဂူနီပရဟိတ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရွှေဂူနီပရဟိတ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁.၄.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ ရန်ကင်းတောင် အရှေ့မြောက်ဘက် သာခိုတောင်ခြေရှိ ရွှေဂူနီပရဟိတ(ဘ.က) ကျောင်းသို့ သွားရောက်၍ ဆရာတော်အားဖူးမျှော်ကာ ကျောင်းရှိ ကလေး (၃၈)ဦးအား အသင်းဗလာစာအုပ်များ၊ အဝတ်လျှော်ဆပ်ပြာများ၊ ကိုယ်တိုက်ဆပ်ပြာအမွှေးခဲများ၊ ပဲနို့များနှင့်မု့န်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အလင်းအိမ်မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အလင်းအိမ်မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၃.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လားရှိုးမြို့၊ အလင်းအိမ်မိဘမဲ့ကျောင်းသို့ အလှူငွေ၊ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂.၃.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းတွင် နံနက်စာ အာဟာရထမင်းဟင်းဒါနပြုကျွေးမွေးလှူဒါန်းပြီး ဆရာတော်အား နဝကမ္မအလှူငွေနှင့် မုန့်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။