လူမှုရေး

ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၇.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုးအဘွား(၄၆)ဦးအား တစ်နေ့တာအာဟာရ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၇.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ သပြေကုန်း ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား(၂၇)ဦးအား ဆေးဝါး၊ မုန့်နှင့် မနက်စာ-ထမင်း+ဟင်းများ သွားရောက် လှူဒါန်းကျွေးမွေးပြီး အားပေးစကား ပြောကြားခဲ့ပါသည်။

တိုက်ပွဲရှောင်မိသားစုများအား သွားရောက်လှူဒါန်းခြင်း

တိုက်ပွဲရှောင်မိသားစုများအား သွားရောက်လှူဒါန်းခြင်း

(၉.၇.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ငွေပျော်ကျေးရွာ၊ တိုက်ပွဲရှောင်မိသားစုများအတွက် အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

Orientation and Mobility Training (ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် သွားလာလှုပ်ရှားမှုဆိုင်ရာ သင်တန်းတွင် ပါဝင်ကူညီလှူဒါန်းခြင်း

Orientation and Mobility Training (ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် သွားလာလှုပ်ရှားမှုဆိုင်ရာ သင်တန်းတွင် ပါဝင်ကူညီလှူဒါန်းခြင်း

မြန်မာနိုင်ငံမျက်မမြင်အသင်း(ရန်ကုန်)မှ မကွေးတိုင်းအတွင်းရှိ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ မြို့သစ်၊ နတ်မောက်မြို့နယ်များရှိ မျက်မမြင်(၁၇)ဦး၊ မျက်မမြင်အကူ(၁၂)ဦးအား မကွေးမြို့၊ အဝေရာသုခကျောင်းတိုက်၌ (၄.၅.၂၀၂၂ မှ ၇.၅.၂၀၂၂) ရက်နေ့အထိ (၄)ရက်တိုင်တိုင် လာရောက်သင်ကြားပို့ချသော “Orientation and Mobility (O&M) Training” (ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် သွားလာလှုပ်ရှားမှုဆိုင်ရာသင်တန်း)တွင် မကွေးတိုင်း MWCDF အသင်းဥက္ကဌမှ မျက်မမြင်အကူအဖြစ် ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အဖွဲ့ဝင်အသင်းသူများမှ သင်တန်းတတိယနေ့၊ နေ့လည်ပိုင်းတွင် ပါဝင်ကြပြီး နေ့လည်စာ အချိုရည်၊ မုန့်၊ ရေသန့်ဘူးများ ဝေငှလှူဒါန်းပေးခဲ့ပါသည်။ 

ဇေယျသိဒ္ဓိရွှေတောင်ဦးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဇေယျသိဒ္ဓိရွှေတောင်ဦးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၄.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဇေယျသိဒ္ဓိ ရွှေတောင်ဦးပရဟိတကျောင်းသို့ သွားရောက်၍ နဝကမ္မအလှူတော် ငွေနှင့် ဆန်၊ ဆီ၊ ဆိုလာမီးတိုင်များ လှူဒါန်းခဲ့ပါသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်လှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းခြင်း

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်လှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းခြင်း

(၁၆.၃.၂၀၂၂)နေ့၊  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ မင်္ဂလာအခမ်းအနားတွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဆွမ်းဆန်စိမ်းအလှူတော် ဝတ္ထုငွေလောင်းလှူကုသိုလ်ပြုခဲ့ ကြပါသည်။