လူမှုရေး

မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်း

မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်း

(၁.၇.၂၀၂၀)ရက်နေ့တွင် မွန်ပြည်နယ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင် ရေးအသင်း(MWCDF)မှ အလုပ်အမှုဆောင်များသည် မော်လမြိုင်မြို့ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပသော ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ သွားရောက်ပူးပေါင်းကာ သစ်ပင်များစုပေါင်းစိုက်ပျိုးခဲ့ပါသည်။

MWCDF အသင်းမှ မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်း

MWCDF အသင်းမှ မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်း

ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့” ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ၂၀၂၀ပြည့်နှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) ရုံးဝင်းအတွင်း နှစ်ရှည်ပင် များ၊ အရိပ်ရအပင်များဖြစ်သော (နံ့သာဖြူ၊ မဉ္ဇူသကနတ်ပန်း၊ သရက်၊ မာလကာ၊ ပိန္နဲ၊ တမာ၊ ဗန်ဒါ၊ မန်ကျည်း၊ ဒန့်ဒလွန်၊ ပေါက်ပန်း၊ ပိတောက်၊ ပျဉ်းမ၊ သပြေဘူတ) စသည့် ပျိုးပင်ပေါင်း(၁၀၀)ကျော်ကို (၂၆.၆.၂၀၂၀)နေ့၊ နံနက်ပိုင်းတွင် MWCDF အသင်း ဒုဥက္ကဌနှင့် CEC များ၊ နေပြည်တော်တိုင်း

Covid-19 ကာလအတွင်း အကူအညီလိုအပ်နေသော အိမ်ထောင်စုများသို့ ထောက်ပံ့လှူဒါန်းခြင်း

Covid-19 ကာလအတွင်း အကူအညီလိုအပ်နေသော အိမ်ထောင်စုများသို့ ထောက်ပံ့လှူဒါန်းခြင်း

(၇.၆.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များနှင့်ဘဝမြှင့်တင်ရေး အသင်း(MWCDF)မှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည်မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အိမ်ထောင်စု(၃၂၀)ဦး ကို ဆန်၊ ဆီ၊ဆား၊ ကြက်သွန်၊ ​ထောက်ပံ့ခြင်းနှင့် တဆက်ထဲ ကနီမြို့နယ်၊ မင်းအိုရွာမှ အိမ်ထောင်စု(၃၃၈)ဦး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ Mask100ခု စုစုပေါင်း(၄၅၈၀၀၀၀) ကျပ်ဘိုးထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ကချင်ပြည်နယ် MWCDF အသင်းမှ Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်း

ကချင်ပြည်နယ် MWCDF အသင်းမှ Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်း

(၂.၆.၂၀၂၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြင့်တင်ရေးအသင်း(MWCDF)မှ အတွင်းရေးမှူး ဒေါ်အေးနွယ်နှင့်ECအဖွဲ့ဝင်များသည်Covid-19 ကာလ အတွင်း ဝင်ငွေနည်းပါးသော မိသားစုဝင်များအား ဆီ၊ ကြက်ဥ၊ ဆား၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်များကို လယ်ကုန်း ရပ်ကွက်ဇီးကျွန်းရှိ မိသားစုဝင်များသို့ ဒုတိယနေ့အဖြစ် သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။

Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း

Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း

(၁.၆.၂၀၂၀)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ ရွှေညောင်ပင်ရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်များတွင် Covid-19 ကာလအတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စု(၃၄)စုအား ဆန်၊ ဆီ စားသောက်ကုန်များ သွားရောက်လှူဒါန်းခြင်း၊ Covid-19 ရောဂါကာကွယ်ရေးအတွက် Mask တပ်ရန်၊ လက်အားမကြာခဏဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် အသိပညာပေးဟောပြောခြင်းနှင့် စနစ်တကျ လက်တွေလေ့ကျင့်ပြသခြင်း ဆောင်ရွက်ခဲ့ပါသည်။

မန္တလေးတိုင်း MWCDF အသင်းမှ လမ်းခင်းလုပ်သားများအား အာဟာရဒါနပြု လှူဒါန်းမှု

မန္တလေးတိုင်း MWCDF အသင်းမှ လမ်းခင်းလုပ်သားများအား အာဟာရဒါနပြု လှူဒါန်းမှု

(၂၆.၅.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ ဒေါ်တင်တင် နှင့် ECတို့သည် မန္တလေးမြို့၊ ကမ်းနားလမ်း၊ ချော်ဆိပ်ရေနံရိပ်သာလမ်း ရုံးရှေ့မှာ လမ်းခင်းနေသော လုပ်သား (၃၀) ကျော် ကို ထမင်း၊ ကြက်သဗြွန်း၊ Royal-D အချိုရည်များ၊ ခေါက်ဆွဲခြောက်ထုတ်၊ ရေသန့်တို့ကို Covid-19 ကာလ အလှူအနေဖြင့် ​ကုသိုလ်ပြုခဲ့ပါသည်။