လူမှုရေး

စစ်ဘေးရှောင်သီလရှင် များအားလှူဒါန်းခြင်း

စစ်ဘေးရှောင်သီလရှင် များအားလှူဒါန်းခြင်း

(၁၂.၂.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း MWCDFအဖွဲ့ ဝင်များသည် ရွှေမြင့်မိုရ်ကွတ်ခိုင်ကျောင်းရှိ စစ်ဘေးရှောင် ပလောင်သီလရှင်ဆရာလေး(၄၅)ပါးအားဆန်၊ ဆီ၊ ပဲ၊ ကွေကာအုပ် စသည့် စုစုပေါင်း(၁၂၀၀၀၀)ကျပ်ဖိုး လှူဖွယ်များသွားရောက်လှူဒါန်းခဲ့ပါသည်။

ပရဟိတကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

ပရဟိတကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၂.၂၀၂၀)နေ့တွင် စစ်ကိုင်းတိုင်း MWCDFအဖွဲ့ ဝင်များသည် ယင်းမာပင်မြို့နယ် ပေါက်ပင်ကူး ပရဟိတကျောင်းသို့သွားရောက်၍ အနွေးထည်(၅၀)၊ စာအုပ်(၁၀)ဒါဇင်၊ ဆွမ်းပဒေသာပင်(၅)သိန်း စုစုပေါင်း(၇၆၅၀၀၀)ကျပ်လှူဒါန်းခဲ့ပါသည်။

စစ်ဘေးရှောင် သီလရှင်များအား သွားရောက်လှူဒါန်းခြင်း

စစ်ဘေးရှောင် သီလရှင်များအား သွားရောက်လှူဒါန်းခြင်း

(၈.၂.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းMWCDF အဖွဲ့ဝင် များသည် စစ်ကိုင်း တောင်ရိုးမာဃချောင်ရှိ စစ်ဘေး ရှောင်ပအို့၊ပလောင်၊နာဂသီလရှင်ဆရာလေးများအတွက်အမျိုးသမီးအတွင်းခံဘောင်းဘီ(၁၉၀)ထည်၊ဘော်လီ(၉၀)ထည်၊လစဉ်သုံးပစ္စည်း(၂၄)ထုပ်၊ ကွေကာအုပ်(၁၀)ထုပ် စုစုပေါင်း(၄၈၅၀၀၀)ကျပ်ဖိုးသွားရောက်လှူဒါန်းခဲ့ပါသည်။

ပညာဥယျဉ် ဓမ္မလုံးကောင် ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်းသို့သွားရောက်ကာ ကျောင်းသားများအတွက်လိုအပ်သည်များ ကူညီထောက်ပံ့ခြင်း

ပညာဥယျဉ် ဓမ္မလုံးကောင် ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်းသို့သွားရောက်ကာ ကျောင်းသားများအတွက်လိုအပ်သည်များ ကူညီထောက်ပံ့ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ရှမ်းပြည်တောင်ပိုင်း) အသင်းမှဥက္ကဌ သုဓမ္မသိင်္ဂီဒေါ်ကေသီအောင်ဒုဥက္ကဌ အလုပ်မှုဆောင်များ ဦးဆောင်ကာ ပညာဥယျဉ် ဓမ္မလုံးကောင် ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်းသို့သွားရောက်ကာ ကျောင်းသားများအတွက် စာမေးပွဲဖြေခါနီး ကလေးများ၏တစ်ကိုယ်ရည်သန့်ရှင်းရေး နှင့်ရာသီဥတုဒဏ်ကြောင့်အသားကွဲနေသောကလေးများကို အလှဆီလိမ်းပေးခြင်း /လက်သဲညှပ်ပေးခြင်း/ဆံပင်ညှပ်ပေးခြင်း/ဖျားနာကလေးငယ်များကို ဆေးပေးခြင်း ဆပ်ပြာနှင့်အလှဆီများလှုဒါန်းခြင်းအားဆေးတိုက်ကျွေးခြင်း မုန့်များကျွေးမွေးခြင်းများပြုလုပ်ခဲ့ကာ လက်ဆေးခြင်းအသိပညာအကြောင်း ဟောပြောခဲ့ပါသည်လိုအပ်နေသောကွက်လပ်ကလေးကလေးကို ဝိုင်းဝန်းဖြည့်ဆည်းပေးပါသောမျိုးဆက်သစ်လူငယ် အယောက် (၄၀) ကျော်ကိုအထူးကျေးဇူးတင်ဂုဏ်ယူပါသည်“ လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်းရစေသား”

နဝမ အကြိမ်မြောက် ဓမ္မပူဇာသဘင်တွင်ခေါက်ဆွဲကြော် လှူဒါန်းခြင်း

နဝမ အကြိမ်မြောက် ဓမ္မပူဇာသဘင်တွင်ခေါက်ဆွဲကြော် လှူဒါန်းခြင်း

(၂၀.၁.၂၀၂၀)ရက်နေ့ မြတ်ပါရမီ လူမှုရေးအသင်း ဦးဆောင်သော ဝန်ထမ်းမိသားစုများ စျေးသူ စျေးသား များနှင့် (၇)ရက်သားသမီးများ၏ နဝမ အကြိမ်မြောက် ဓမ္မပူဇာသဘင်တွင် နေပြည်တော်MWCDFအသင်းမှတရားနာ ပရိတ်သက်များအား ခေါက်ဆွဲကြော် လှူဒါန်း ကုသိုလ်ယူခဲ့ကြပါသည်။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ အေးမေတ္တာစံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့သွားရောက်လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ အေးမေတ္တာစံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့သွားရောက်လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ သည်(၂၄.၁.၂၀၂၀)နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ အေးမေတ္တာစံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့သွားရောက်၍ ဆရာတော်အား ဖူးမျှော်ကန်တော့ကာသင်္ကန်း၊ လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။