လူမှုရေး

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၄.၁.၂၀၂၀)နေ့တွင် MWCDFအသင်းမှ အလုပ်အမှုဆောင်အဖွဲ့တို့သည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယက ဆရာကြီးအား MWCDFအသင်း CECများမှ စုပေါင်း၍ အလှူငွေ-(၁,၅၀၀,၀၀၀)ကျပ်နှင့် လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ MWCDFအသင်း ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့တို့သည် စာသင်တိုက်ရှိ သီလရှင်ဆရာလေးများအား နေ့ဆွမ်းလောင်း လှူခဲ့ကြပါသည်။

သာဝတ္ထိမြို့နယ်၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့သွားရောက်လှူဒါန်းခြင်း

သာဝတ္ထိမြို့နယ်၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည်(၂၂.၁.၂၀၂၀)နေ့တွင် သာဝတ္ထိမြို့နယ်၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအား ဖူးမျှော်ကန်တော့၍ အလှူငွေ၊ သင်္ကန်း၊ လှူဘွယ်ပစ္စည်းများကပ်လှူခြင်းနှင့် ကျောင်းတွင်ပြုစုစောင့်ရှောက်ထားသော မိဘမဲ့ကလေး(၉၁၉)ဦး ရှိပြီး (၃)နှစ်အရွယ် ရင်ခွင်ပိုက်ကလေး(၉၃)ဦးအတွက် လိုအပ်သော ဆေးဝါးများ၊ နို့မုန့်များ၊ စာရေး ကိရိယာများ၊ မုန့်မျိုးစုံများတို့အား လှူဒါန်းခဲ့ပါသည်။ စုစုပေါင်း လှူဒါန်းမှု -(၈၀၆,၂၅၀)ကျပ် လှူဒါန်း ခဲ့ပါသည်။ ၎င်းနောက် ကျောင်းသား/သူများထမင်းစားဆောင်များ လှည့်လည်ကြည့်ရှု၍ အသင်းမှ ထိုကျောင်း တွင်ရှိသော ကလေးများအတွက်

ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် လှူဒါန်းနိုင်ရန် အလှူငွေ-(US$-3000) ပေးအပ်လှူဒါန်းခြင်း

ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် လှူဒါန်းနိုင်ရန် အလှူငွေ-(US$-3000) ပေးအပ်လှူဒါန်းခြင်း

(၂၀.၁.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ရုံးချုပ်သို့ Industrial Bank of Korea(IBK)မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ လာရောက်ရာ အသင်းဥက္ကဋ္ဌနှင့်CECများမှ လက်ခံတွေ့ဆုံခဲ့ကြပါသည်။ Industrial Bank of Korea(IBK)က MWCDFအသင်းမှ အမျိုးသမီးများနှင့်ကလေးသူငယ်များအတွက် ဆောင်ရွက်လျက်ရှိသော ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် လှူဒါန်းနိုင်ရန် အလှူငွေ-(US$-3000) ပေးအပ်လှူဒါန်းခဲသည့်အတွက် အသင်းမှ အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

နေ့လည်စာ အာဟာရ ဒါနအလှူကျွေးမွေးခြင်း

နေ့လည်စာ အာဟာရ ဒါနအလှူကျွေးမွေးခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၃ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ အသင်းတည်ထောင်ခဲ့တဲ့ရက် အထိမ်းအမှတ်အနေဖြင့် လစဉ်(၁၄)ရက်နေ့တိုင်းနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အ ထူးကုဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသ ခံနေသော လူနာများအား နေ့လည်စာ အာဟာရ ဒါနအလှူ- ထမင်း၊ ကြက်သားဟင်း၊ မုန့်လာဥချဉ်ရည် တို့ဖြင့် အသင်းCECများ မှ သွားရောက် ကျွေးမွေး လှူဒါန်းခဲ့ပါသည်။

တိုက်ပွဲရှောင်ဒုက္ခသည်များအား အစားအစာနှင့်ရေသန့် မုန့် များ သွားရောက်လှူဒါန်းခြင်း

တိုက်ပွဲရှောင်ဒုက္ခသည်များအား  အစားအစာနှင့်ရေသန့် မုန့် များ သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများ နှင့် ကလေးသူငယ် များ ဘဝမြင့် တင်ရေး အသင်း ၊ ရှမ်း ပြည် နယ် မြောက် ပိုင်း ဥက္ကဌ ဒေါက်တာနန်း ကိန်ဖေါင်း တစ် ပ် နှင့် အတွင်း ရေး မှူး ဒေါ် နန်း ခမ်း ယဉ် နှင့် အဖွဲ့ဝင် များ သည် လားရှိုး ခရိုင် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဌ ဒေါ် နန်း ဥမ္မာ

အခြေခံပညာကျောင်းများသို့ကွင်းဆင်းစစ်ဆေး စမ်းသပ် မှု ပြုလုပ်ခြင်း

အခြေခံပညာကျောင်းများသို့ကွင်းဆင်းစစ်ဆေး စမ်းသပ် မှု ပြုလုပ်ခြင်း

၂၀၁၉ခု ဒီဇင်ဘာ(၁၈ – ၁၉)ရက်တွင် မကွေးတိုင်း MWCDFအသင်း နှင့် တိုင်းကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တို့ပူးပေါင်း၍ ဟောင်ကောင် Sowers. Action. မှ လှူဒါန်းမည့် စက်ရေတွင်းများ၏ မြေသဘာဝနှင့် ရေအရင်းအမြစ်သိရှိစေရန် ရွာလေးရွာ မှ အခြေခံပညာကျောင်းများသို့ကွင်းဆင်းစစ်ဆေး စမ်းသပ် မှု ပြုလုပ်ခဲ့ပါသည်။