လူမှုရေး

အခြေခံပညာမူလတန်းကျောင်းတွင် အာဟာရအဖြစ် ကြာဇံချက်၊ ရေသန့်၊ ထောပတ်သီး ဖျော်ရည်နှင့် အသင်းဗလာစာအုပ်များ ပေးအပ်လှူဒါန်းခြင်း

အခြေခံပညာမူလတန်းကျောင်းတွင် အာဟာရအဖြစ် ကြာဇံချက်၊ ရေသန့်၊ ထောပတ်သီး ဖျော်ရည်နှင့် အသင်းဗလာစာအုပ်များ ပေးအပ်လှူဒါန်းခြင်း

(၄.၁၂.၂၀၁၉)နေ့တွွင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပသုတ်ကျွန်းကျေးရွာရှိ MWCDFအသင်းမှ ဆိုလာအဖွဲ့ ဝင်များသည် အသင်းမှ ကျေးရွာတွင် ဆိုလာမီးတပ် ဆင် ပေးခြင်း(၁)နှစ် ပြည့် အထိမ်းအမှတ် အခြေခံပညာမူလ တန်းကျောင်းတွင် ကျောင်းသား/သူကလေးများအား အာဟာရအဖြစ် ကြာဇံချက်၊ ရေသန့်၊ ထောပတ်သီး ဖျော်ရည်နှင့် အသင်းဗလာစာအုပ်များ ပေးအပ်လှူဒါန်း ခဲ့ပါသည်။

“၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား”

“၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား”

(၃.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ထားဝယ်မြို့၌ ကျင်းပ ပြုလုပ်သော “၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား”ကို တနင်္သာရီ တိုင်းဒေသကြီး MWCDFအသင်း ဥက္ကဋ္ဌ နှင့် CECတို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် MWCDFအသင်းမှ ဆုငွေများချီးမြှင့်ခဲ့ပါသည်။

မသန်စွမ်းသီတင်းပတ်(၇)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲသို့ ပူးပေါင်းပါဝင်ခြင်း

မသန်စွမ်းသီတင်းပတ်(၇)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲသို့ ပူးပေါင်းပါဝင်ခြင်း

(၁.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၀၆:ဝဝ)နာရီတွင် ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ကို ဂုဏ်ပြုသောအားဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြုလုပ်သော မသန်စွမ်းသီတင်းပတ်(၇)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲတွင် MWCDF (ဗဟို)ရုံးအဖွဲ့နှင့် နေပြည်တော်တိုင်း MWCDF အဖွဲ့တို့မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့ပါသည်။ “ အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်းလူ့ အခွင့်အရေး ဖော်ဆောင်စို.”

အမျိုးသမီးများအကြမ်းဖက်ပပျောက်ရေးလှုပ်ရှားမှုအခမ်းအနား သို့ တက်ရောက်ခြင်း

အမျိုးသမီးများအကြမ်းဖက်ပပျောက်ရေးလှုပ်ရှားမှုအခမ်းအနား သို့ တက်ရောက်ခြင်း

ရန်ကုန်တိုင်းအမျိုးသမီးကော်မတီ မှကျင်းပပြုလုပ်သော အမျိုးသမီးများအကြမ်းဖက်ပပျောက်ရေးလှုပ်ရှားမှုအခမ်းအနား သို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)ရန်ကုန်တိုင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြပြီး အလှူငွေ (၂)သိန်းပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ဆိုလာပန့်စက်ရေတွင်းအောင်မြင်စွာ တူးဖော်ပြီးစီးခြင်း

ဆိုလာပန့်စက်ရေတွင်းအောင်မြင်စွာ တူးဖော်ပြီးစီးခြင်း

မကွေးတိုင်းMWCDFအသင်းနှင့် Sowers Action ဟောင်ကောင်အဖွဲ့တို့ပူးပေါင်း၍မကွေးမြို့နယ် အလယ်ဘို(အ.ထ.က ခွဲ)ကျောင်းတွင် ဆိုလာပန့်စက်ရေတွင်းကို(၂၇၊၁၁၊၂၀၁၉)နေ့တွင် အောင်မြင်စွာ တူးဖော်ပြီးစီးပြီ ဖြစ်၍ သောက်သုံးရေများ စတင်အသုံးပြုနိုင်ပြီဖြစ်ပါ သည်။

စက်ရေတွင်းကို ဆိုလာပန့်တပ်ဆင်ခြင်း နှင့် ဆိုလာပြားတပ်ဆင်ခြင်း

စက်ရေတွင်းကို ဆိုလာပန့်တပ်ဆင်ခြင်း နှင့် ဆိုလာပြားတပ်ဆင်ခြင်း

(၂၅.၁၁.၂၀၁၉)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့သည် ဟောင်ကောင် Sowers Action မှ မကွေးတိုင်း၊ ဖိုလေးလုံးရွာ(ထခွဲ) ကျောင်းအတွက် ဆိုလာဖြင့် ရေရရှိအောင်တူးဖော် လှူဒါန်းသည့် စက်ရေတွင်းကို ဆိုလာပန့်တပ်ဆင်ခြင်း နှင့် ဆိုလာပြားတပ်ဆင်ခြင်းအား လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ပါသည်။