လူမှုရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်ကျော်နီနီညွန့်၊ ပြည်နယ်အလုပ်အမှုဆောင် ဒေါ်ဗျားမြာမောင် တို့သည် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်နှင်းမွန်သန်း နှင့် အသင်းဝင် ၃ ဦးသည် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၉.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင် သည် ပြည်နယ်ကြက်ခြေနီအသင်းမှကြီးမှူးကျင်းပသော “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်း”၊ “ကန့်သတ်ချက်မဲ့ ငွေသား ထောက်ပံ့ခြင်း” အခမ်းအနားတွင် ကော်မတီဝင် အလုပ်အမှုဆောင်အဖြစ် တက်ရောက်ကူညီပေးခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၂၈.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အဖွဲ့ဝင်များသည် ညောင်ရွှေမြို့၊ ရွှေချမ်းသာလမ်းတွင် ကြွရောက်လာမည့်ဖောင်တော်ဦးဘုရားများအား ဖူးမျှော်ကန်တော့ရန်နှင့် ရဟန်းသံဃာတော်အပါး ၅၀၀ အတွက် လှူဖွယ်ပစ္စည်းများကပ်လှူပူဇော်နိုင်ရန် ကြိုတင်နေရာယူထားကြပြီး လှူဖွယ်ဝတ္ထုများ ကပ်လှူပူဇော်ခဲ့ကြပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

၁၆.၉.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း နာယက ဒေါက်တာဝေဝေသာ၊ ဥက္ကဌ ဒေါက်တာနန္ဒာမွှန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များသည် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ယာယီရုံးခန်းတွင် သံဃာတော် ၅ ပါးထံမှ ငါးပါးသီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊  ဆန်၊ ဆီ၊ ဗလာစာအုပ်၊ သင်္ကန်း၊ လှူဖွယ်ခြင်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သံဃာတော် ၅ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းဆောင်ရွက်ခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ထောပတ်ထမင်း ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၉.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်မော်မော်ထွန်း သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပပြုလုပ်သော  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။