လူမှုရေး

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား သွားရောက်လှူဒါန်းခြင်း

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား သွားရောက်လှူဒါန်းခြင်း

(၇.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ အသင်း (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်လာသော ပြည် နယ်/တိုင်းဒေသကြီးအသီးသီးမှ အသင်းအဖွဲ့ဝင်များကို နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား ဖူးမြှော်နိုင်ရန်အတွက် ဘုရားဖူးပို့ဆောင်ပေးပြီး (MWCDF)အသင်းဗဟိုနှင့် ပြည်နယ်/တိုင်းဒေသကြီးအသင်းတို့စုပေါင်း၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီး ဘက်စုံပြုပြင်မွန်းမံခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၂.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဗဟိုနှင့် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့ စုပေါင်း၍ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ မဟာမြိုင် အမှတ် (၂)ရပ်ကွက်အတွင်းရှိ ရေဘေးသင့်မိသားစုများနှင့် မနောစိတ္တုပ္ပဒ်ကျောင်းအတွင်းရှိ ရေဘေးသင့်မိသားစုများအတွက် လူဦးရေ (၁၅၀)ကျော်တို့အား ဆန်၊ ငါးခြောက်ကြော်များ၊ ဖယောင်းတိုင်၊ မီးခြစ်နှင့် မုန့်များသွားရောက်လှူဒါန်းခြင်း၊ ကလျာဏီ ရပ်ကွက်၊ ရေကြီးကွင်းအတွင်းရှိ သုခိတာရာမ သီလရှင်စာသင်ကျောင်းတိုက်သို့ သွားရောက်၍ ဆွမ်းဟင်းအထောက်အပံ့လှူဖွယ်ပစ္စည်းများ၊ အာလူး၊ ကြာဇံ၊ ငရုပ်သီးမှုန့်၊ ကြက်သွန်နီ၊ ကြက်ဥ၊ မုန့်များနှင့် နဝကမ္မဝတ္ထုငွေများ လှူဒါန်းခြင်း၊ ပိုလီယိုမသန်စွမ်းကလေးငယ် (၂)ဦးနှင့်

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား

( ၁.၈.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသီလရှင်စာသင်တိုက်တွင် ကျင်းပပြုလုပ်သော ဝါဆိုဝတ်စုံလှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် တိုင်း(MWCDF)အသင်းမှ ဓါတ်ဗူးများလှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၁.၈.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ အမှတ် (၇)တိုင်းရင်းဆေးရုံတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ လူဦးရေ (၂၃၀)ဦးနှင့် ဘားအံမြို့၊ အမှတ် (၆)ရပ်ကွက်၊ ဇမ္ဗူမြိုင်ဘုန်းကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ (၆၈)ဦးအတွက် နံနက်စာအာဟာရ ထမင်းကြော်၊ နေ့လည်စာနှင့် ညစာအတွက် ထမင်းနှင့်ဟင်းများကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၃၁.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ ပြည်သူ့ဆေးရုံတွင်ဆေးကုသခံယူနေသော ဦးနှောက်အမှေးပါးရောဂါသည် မောင်ဇင်မင်းသူ အသက် (၃)နှစ်အရွယ်ကလေးငယ်အတွက် ဆေးကုသစရိတ်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ 

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၃၁.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ အမှတ် (၄)ရပ်ကွက်အတွင်းရှိ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် နေ့လည်စာအာဟာရ ထမင်းနှင့် ဟင်းထုပ်များ အိမ်တိုင်အရောက် ပေးဝေလှူဒါန်းခဲ့ပါသည်။