လူမှုရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၅.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါက်တာကေသီအောင် နှင့် အလုပ်အမှုဆောင် ၃ ဦးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော တောင်ကြီးမြို့ရှိ မိဘပြည်သူများအား အနုပညာရှင်များ၏ ဂုဏ်ပြုဖျော်ဖြေပွဲကို တက်ရောက်အားပေးခဲ့ပါသည်။

ဆုလက်ခံရရှိခြင်း

ဆုလက်ခံရရှိခြင်း

၂၂.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သော (၃၁)ကြိမ်မြောက် ပခုက္ကူဦးအုန်းဖေ တည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲသို့တက်ရောက်၍ ဒေါက်တာ နန္ဒာမွှန်းရေးသားထားသော “ သတင်းစာထဲကဆောင်းပါးများ၊ ဆောင်းပါးများထဲကသတင်းများ” စာအုပ်ဖြင့် ပခုက္ကူဦးအုန်းဖေ စာကြည့်တိုက်စာအုပ်ဆုကို လက်ခံရရှိခဲ့ပါသည်။             ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တစ်သက်တာစာပေဆုအပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်း အုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၆)ဦးသည် ၂၀၂၅ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံနှင့် ပုဂ္ဂလိကကျောင်းများ စုပေါင်းအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၀.၈.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၂)ဦးသည် မကွေးတိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးနင်းပွဲ (အမျိုးသားအမျိုးသမီး)နှင့် Micro မာရသွန်ပြိုင်ပွဲ(အမျိုးသားအမျိုးသမီး) ပြိုင်ပွဲသို့တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၃)ဦးသည် လားရှိုးမြို့ ၊ မိုးကုတ်ရိပ်သာတရားစခန်းတွင် ဝါတွင်း ၃ လ ဥပုတ်သီလဆောက်တည်နေသော သက်ကြီးယောဂီများနှင့် ဥပုတ်သည်များအား အသင်းအမှုဆောင်များက ဆန်၊ ဆီ၊ မုန့်၊ ဌက်ပျောသီးများနှင့် အလှူငွေ (၆၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၅၀,၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂.၈.၂၀၂၅ ရက်‌နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေကြီးမှုကြောင့်ရေဘေးခံစားနေရသော ဇမ္ဗူမြိုင် ဘုန်းကြီးကျောင်းအတွက် နဝကမ္မ (၂) သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကရင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဇမ္ဗူမြိုင်သီလရှင် စာသင်တိုက်ရှိ သီလရှင် ( ၁၆၅ )ပါးအတွက် နဝကမ္မ ( ၁၃၀၀၀၀ )ကျပ်နှင့် လိုအပ်သောပစ္စည်းဖြစ်သော အချိုမှုန့် ပေါင်ထုတ် (၁၀) ထုတ်၊ အာလူး (၂) အိတ်၊ ဆီ (၂)လီတာ (၂)ဘူး၊