ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၂.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဗဟိုနှင့် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့ စုပေါင်း၍ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ မဟာမြိုင် အမှတ် (၂)ရပ်ကွက်အတွင်းရှိ ရေဘေးသင့်မိသားစုများနှင့် မနောစိတ္တုပ္ပဒ်ကျောင်းအတွင်းရှိ ရေဘေးသင့်မိသားစုများအတွက် လူဦးရေ (၁၅၀)ကျော်တို့အား ဆန်၊ ငါးခြောက်ကြော်များ၊ ဖယောင်းတိုင်၊ မီးခြစ်နှင့် မုန့်များသွားရောက်လှူဒါန်းခြင်း၊ ကလျာဏီ ရပ်ကွက်၊ ရေကြီးကွင်းအတွင်းရှိ သုခိတာရာမ သီလရှင်စာသင်ကျောင်းတိုက်သို့ သွားရောက်၍ ဆွမ်းဟင်းအထောက်အပံ့လှူဖွယ်ပစ္စည်းများ၊ အာလူး၊ ကြာဇံ၊ ငရုပ်သီးမှုန့်၊ ကြက်သွန်နီ၊ ကြက်ဥ၊ မုန့်များနှင့် နဝကမ္မဝတ္ထုငွေများ လှူဒါန်းခြင်း၊ ပိုလီယိုမသန်စွမ်းကလေးငယ် (၂)ဦးနှင့်