လူမှုရေး

ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက်လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်သည့်အတွက် လက်ခံရရှိခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

(၂၈.၆.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌနှင့် အဖွဲ့ဝင် (၂)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကျား/မရေးရာ Gender အခြေခံသဘောတရားများအကြောင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၇.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အမှုဆောင် (၃)ဦးတို့သည် ရန်ကုန်မြို့၊ MCC ခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၄ခုနှစ် မြန်မာအမျိုးသမီးများနေ့အကြို ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

နေရပ်စွန့်ခွါပြည်သူများအားထောက်ပံ့လှူဒါန်းခြင်း

နေရပ်စွန့်ခွါပြည်သူများအားထောက်ပံ့လှူဒါန်းခြင်း

(၂၀.၆.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးမိသားစုမှ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းသို့ နေရပ်စွန့်ခွါပြည်သူများအား ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် အလှူငွေ(၂၅)သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးခြင်းနှင့် လမ်းခင်းကုသိုလ်ဒါနပြုလုပ်ခြင်း

သစ်ပင်စိုက်ပျိုးခြင်းနှင့် လမ်းခင်းကုသိုလ်ဒါနပြုလုပ်ခြင်း

(၁၅.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အဖွဲ့ဝင်သစ်(၅၀)ဦးနှင့် ကိုရီးယားဘာသာသင်ကြားနေသောလူငယ် လေးများနှင့်အတူ ညောင်ရွှေမြို့နယ်၊ နန်နဝန်ရပ်ကွက်အတွင်းရှိ ပေ(၅၀)လမ်းမကြီးဘေးယာများတွင် မျိုးသစ်ပင် (၃၀၀)ပင်စိုက်ပျိုးခြင်း၊ လမ်းမကြီးပေါ်ရှိပျက်စီးနေ‌သောနေရာများအား လမ်းခင်းကုသိုလ်ယူပြီး လက္ဘ်ရည်နှင့်မုန့်များဖြင့်ကျွေးမွေးကာ ကုသိုလ်ဒါနပြုခဲ့ကြပါသည်။

ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်းအနားသို့ သွားရောက်လှူဒါန်းခြင်း

ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်းအနားသို့ သွားရောက်လှူဒါန်းခြင်း

(၉.၆.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ အေင်ဇေရန်အောင်ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်း အနားသို့တက်ရောက်ပြီး အလှူငွေ သိန်း (၆၀)ကျပ် လှူဒါန်းခဲ့ပါသည်။