လူမှုရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၂.၇.၂၀၂၅)ရက်နေ့ မကွေးတိုင်း ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သော မကွေးတက္ကသိုလ် (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် ပါမောက္ခချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်ပေါင်း (၂)ဦး တက်ရောက်ခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၂၀.၇.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့နယ်၊​ ရွှေမြင်တင်​ကျေးရွာ၊​ ရွှေမြင်တင်ဘုရားပရဝုဏ်အတွင်းရှိ (သီရိဝဏ္ဏ ဘိုးဘွားရိပ်သာ)တွင်​ နေထိုင်ကြ​သော အဖိုးအဖွားများအားတစ်ရက်တာ အာဟာရ(နံနက်၊​နေ့လည်၊ည​နေ)​ကျွေး​မွေးလှူဒါန်းခြင်း၊ ကွေကာအုပ်များလှူဒါန်းခြင်း၊​ ငွေပ​ဒေသာပင်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းများကို ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကုသိုလ်ပြုလှူဒါန်းခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၂၀.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့် အသင်းဝင်များစုပေါင်း၍ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ကရုဏာပရဟိတမဟာစည်ကျောင်းတိုက်သို့ သွားရောက်၍ နေ့ဆွမ်းဆက်ကပ်ပြီး ဝါဆိုသင်္ကန်းများ ဆက်ကပ်ခြင်း၊ နေ့ဆွမ်းအတွက်နဝကမ္မဝတ္ထုငွေ(၅)သိန်းကျပ်နှင့်  ရဟန်းလွယ်အိတ်များ၊ ဆန်၊ ဆီ၊ ကြက်သွန်များ၊ အချိုရည်များ၊ လက်ဖက်အကြော်စုံများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆောက်လုပ်ဆဲ ကျောင်းတော်ကြီးအတွက်လည်း (၅)သိန်းကျပ် ပါဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါသည်။ (လှူဒါန်းငွေစုစုပေါင်းမှာ- (၁၈၉၀,၀၀၀)ကျပ်ဖြစ်ပါသည်)

လှူဒါန်းထောက်ပံ့ခြင်း

လှူဒါန်းထောက်ပံ့ခြင်း

၁၂.၇.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဇူလိုင်လ လှူဒါန်းမှုအဖြစ် မဟာမြတ်မုနိဘုရားကြီး မျက်နှာသစ်တော်ပြုပေးနေသော ရေတော်ဆရာတော်ကြီးကျောင်းသို့သွားရောက်၍ ဝါဆိုသင်္ကန်း(၂)စုံ၊ အလှုငွေ(၅)သိန်း၊ သောက်ရေသန့်ဗူး(၂၀)ကပ်၊ စုစုပေါင်းလှူဒါန်းငွေ-(၆၈၀,၀၀၀) ကျပ်ကို ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးနှင့်အတူ အသင်းဝင်များ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဒက္ခိဏာရာမဘုရားကြီး တိုက်၊ ဒေါနခြံအုတ်ကျောင်း၊ (ဆရာတော်ကြီးကျောင်း)မှာလည်း ငလျင်ဒ‌ဏ်ကြောင့် အားလုံးပြိုကျ ပျက်စီးသွားသည်ကို တွေ့ရှိရပါသည်။

စတုဒီသာကျွေးမွေးလှူဒါန်းခြင်း

စတုဒီသာကျွေးမွေးလှူဒါန်းခြင်း

၁၂.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များနှင့်အတူ အသင်း ဥက္ကဌ က ပဲခူးမြို့ လူမှုရေးကူညီမှုအသင်းကြီး ကလျာဏမိတ္တ အသင်းကြီး၏ ဥက္ကဌ ဦးတင်ဆွေမြင့်ထံ အသင်းကြီး (၂၃) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လူဦးရေ(၃၀၀၀)စာ စတုဒီသာအလှူအတွက် အလှူငွေ(၂)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၆.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ၊ မုပွန်တိုးချဲ့ရပ်ကွက်ရှိ ကူညီထောက်ပံ့မှု‌ပေးရန်လိုအပ်လျက်ရှိ‌သော မိသားစုများအား ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ၊ ဆား စသည့် လှူဖွယ်ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုတန်ဖိုးငွေ (၅)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။