နိုင်ငံတကာဆက်ဆံရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ကိုရီးယားနိုင်ငံ၊ ဘူစန်မြို့တွင် (၂.၁၂.၂၀၂၅)ရက်နေ့မှ (၅.၁၂.၂၀၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်သော ကျား/မ တန်းတူရေးနှင့် အမျိုးသမီးစီးပွားရေးဆိုင်ရာ စွမ်းဆောင်မှုမြှင့်တင်ရေး အာဆီယံအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဗဟိုရုံးချုပ်မှ ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း၊ ဒုဥက္ကဌ ဒေါ်သူဇာဝေ၊ ပဲခူးတိုင်းအသင်း ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အသင်း ဥက္ကဌ ဒေါ်ကေသီအောင် တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် MWCDF အသင်းဥက္ကဌ ဒေါက်တာနန္ဒာမွှန်းမှ “Country Cases and Current Situations of Women’s Employment in

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၂၆.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး တို့သည် (၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (12th ASEAN Ministerial Meeting on Social Welfare and Development – AMMSWD and Related Meeting)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဩဂုတ် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ နေပြည်တော်ရှိ M

ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်ခြင်း

ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်ခြင်း

(၂၉.၁၂.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ Grand Aster Villa Hotel ၌ကျင်းပပြုလုပ်သော နိုင်ငံတကာခေါင်းဆောင်မှုတက္ကသိုလ်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနာကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၆.၆.၂၀၂၃)နေ့၊ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အခမ်းအနားသို့ နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ NSPAWအစည်းအဝေးသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ NSPAWအစည်းအဝေးသို့ တက်ရောက်ခြင်း

၆.၂.၂၀၁၇ လူမှုဝန်ထမ်းဦးစီးဌာနနှင့် The UK Department for International Development (DFID)မှ ပြည်တွင်း၊ ပြည်ပအကြံပေး(၂)ဦးတို့ပူးပေါင်းလုပ်ဆောင်သော အမျိုးသားအဆင့် အမျိုးသမီးများတိုးတက်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(NSPAW)(၂၀၁၃-၂၀၂၂)အစည်းအဝေးသို့ MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Mrs. Deborah Livingstone, Consultant(UK Department for International Development, DFID)၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Mrs. Deborah Livingstone, Consultant(UK Department for International Development, DFID)၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၃)ရက်နေ့၊ နံနက်(၈း၄၅)နာရီတွင် The UK Department For International Development(DFID)မှ Mrs. Deborah Livingstone, Consultant၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းနှင့် မခင်ခင်မရ(National Consultant)တို့သည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW)(၂၀၁၃-၂၀၂၂)အား ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လမ်းပြမြေပုံဆိုင်ရာညှိနှိုင်းရေးနှင့်ပတ်သက်၍ MWCDF ရုံးချုပ်၊ နေပြည်တော်သို့လာရောက်၍ အသင်းမှ CECများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အသင်းမှလည်း NSPAWမှ ချမှတ်ထားသော မူဝါဒများနှင့်အညီလုပ်ဆောင်ထားခဲ့မှုများနှင့် ရှေ့ဆက်လုပ်မည့် Future Planများကို ဆွေးနွေးခဲ့ပါသည်။