သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း
(၁၇.၁၂.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း၌ မန္တလေးတိုင်း MWCDF အသင်းမှ ဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်ခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၁၇.၁၂.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း၌ မန္တလေးတိုင်း MWCDF အသင်းမှ ဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်ခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
(၁၅.၁၂.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)တို့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၈.၁၂.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတွင် လူမှု့ဝန်ထမ်းအိမ်တွင်းမှု့ကျောင်းနှင့် ကချင်ပြည်နယ် MWCDF အသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၂၀.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDFအသင်းမှ ဥက္ကဌသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၇.၁၁.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းမှ အဖွဲ့ဝင်(၅)ဦးတို့သည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပဆောင်ရွက်မည့် ပြည်နယ်အဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါသည်။
(၂၃.၁၀.၂၀၂၃)ရက်မှ (၂၇.၁၀.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နေပြည်တောင်ကောင်စီအဖွဲ့ဝင်တို့ တက်ရောက်အမှာစကားပြောကြားပြီး အဆိုပါအခမ်းအနားသို့ နေပြည်တော်တိုင်း MWCDF ရုံးမှ ဥက္ကဌနှင့် သင်တန်းသူ (၃)ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းသင်တန်းမှာ ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းသင်တန်းဖြစ်ပြီး သင်တန်းကာလ (၅)ရက် ဖြစ်ပါသည်။