စွမ်းရည်မြှင့်တင်ရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၆.၃.၂၅  ရက်​နေ့​တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု့သက်​မွေး​လုပ်ငန်းပညာသင်​ကျောင်း၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်သည့် ဝါးလက်မှု့ပစ္စည်းများပြုလုပ်နည်းသင်တန်းဆင်းပွဲသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့်နှင့် အတွင်း​ရေးမှူး ဒေါ်ရီရီတင် တို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းပို့ချခြင်း

သင်တန်းပို့ချခြင်း

၄.၃.၂၅ ရက်နေ့တွင် ထားဝယ်မြို့ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်စမ်းရည်သည် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်သော ဗုဒ္ဓယဉ်ကျေးမှု အခြေပြုနွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းတွင် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပြိုင်ပွဲဝင်မည့် ကျောင်းသား/သူများအား  သင်ကြားပို့ချခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၇.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ သင်တန်းသား (၁)ဦးသည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ခြင်းတောင်းယက်သင်တန်းဆင်းပွဲအား ထားဝယ်မြို့၊ ယဉ်ငေး သာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်ဆင်းလက်မှတ် လက်ခံရယူခဲ့ပါသည်။ သင်တန်းသားများအား တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ မုန်နှင့် အချိုရည်များ ဧည့်ခံကျွေးမွေးခဲ့ရာ ကာလတန်ဖိုးငွေ (၅၀၀၀၀)ကျပ် ကျွေးမွေးလှူဒါန်းနိုင်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ငွေရတုသဘင် အခမ်းအနားကိုတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်၊ သင်တန်းသူ (၅)ဦးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကြီးမှူးကျင်းပသည့် တန်ဖိုးမြှင့်စားသောက်ကုန် (၇)မျိုး ထုတ်လုပ်နည်း အဆင့်မြင့်သင်တန်းကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၉.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ဌာနဆိုင်ရာဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် E-Government အ‌ထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကိုတက် ရောက်ခဲ့ပါသည်။