စွမ်းရည်မြှင့်တင်ရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ၁၃.၁.၂၀၂၆ ရက်နေ့တွင် ပဲခူးမြို့၊ လူငယ်စင်တာခန်းမ၌ကျင်းပပြုလုပ်သော တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် (BAKERY)ထုပ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထို့နောက် လူငယ်စင်တာစာကြည့်တိုက်၌ အသင်း ဥက္ကဌနှင့် အဖွဲ့များမှ သုတ/ရသစာအုပ်များ၊ အလှပသစ်ပင်ပန်းအိုးများ၊ စာဖတ်သူ/သင်တန်းသူများ စားသုံးရန်အတွက် သကြားလုံးများအား ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစည်သူထွန်းထံ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဘဏ္ဍာရေးမှူး နှင့် အဖွဲ့ဝင် ၄ ဦးတို့သည် ၅.၁.၂၀၂၆ ရက်နေ့တွင် မန္တလေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်းရှိ အမျိုးသမီး ၁၀၈ ဦးအတွက် ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ခေါက်ဆွဲခြောက်များနှင့် ကော်ဖီမစ်တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၅၀,၀၀၀ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ၂၆.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ သီရိဟံသာခန်းမ လူငယ်ရေးရာစင်တာတွင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးဆောင်၍ဖွင့်လှစ်သော BOW ကလစ်နှင့် ပန်းကြယ်သီးပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့သည် ၂၆.၁၂.၂၀၂၅ ရက်​နေ့တွင် ဧရာဝတီတိုင်း​ဒေသကြီး အမျိုးသမီး​ရေးရာအဖွဲ့မှကြီးမှူးကျင်းပ​သော အ​ခြေခံစာရင်းအင်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်​ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ ဦးသည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၌ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု့ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်၊ အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး၊ ရပ်ရွာအခြေပြုသင်တန်းသို့သွားရောက်၍ စက်ချုပ်သင်တန်းသူ (၁၅)ဦးအား သင်ထောက်ကူပိတ်စများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ ၁၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

သင်တန်းပို့ချခြင်း

သင်တန်းပို့ချခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် အိမ်တွင်းမှုကျောင်းနှင့်ပူးပေါင်း၍ ဂရိတ်ဖုသီးယိုပြုလုပ်နည်းကို သင်တန်းသူ ၁၀ ဦးအား သင်ကြားပေးခဲ့ပါသည်။