စွမ်းရည်မြှင့်တင်ရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ၂၆.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ သီရိဟံသာခန်းမ လူငယ်ရေးရာစင်တာတွင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးဆောင်၍ဖွင့်လှစ်သော BOW ကလစ်နှင့် ပန်းကြယ်သီးပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့သည် ၂၆.၁၂.၂၀၂၅ ရက်​နေ့တွင် ဧရာဝတီတိုင်း​ဒေသကြီး အမျိုးသမီး​ရေးရာအဖွဲ့မှကြီးမှူးကျင်းပ​သော အ​ခြေခံစာရင်းအင်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်​ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ ဦးသည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၌ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု့ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်၊ အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး၊ ရပ်ရွာအခြေပြုသင်တန်းသို့သွားရောက်၍ စက်ချုပ်သင်တန်းသူ (၁၅)ဦးအား သင်ထောက်ကူပိတ်စများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ ၁၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

သင်တန်းပို့ချခြင်း

သင်တန်းပို့ချခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် အိမ်တွင်းမှုကျောင်းနှင့်ပူးပေါင်း၍ ဂရိတ်ဖုသီးယိုပြုလုပ်နည်းကို သင်တန်းသူ ၁၀ ဦးအား သင်ကြားပေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀.၉.၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၃ ဦးသည် မကွေးမြို့၊ တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်သော အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဖွင့်ပွဲ ပွဲစဉ်အနေဖြင့် မကွေးခရိုင်အသင်းနှင့် ပခုက္ကူခရိုင်အသင်းတို့ ဘောလုံးယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြပါသည်။ ထို့နောက် နေပြည်တော်သို့ သွားရောက် ယှဉ်ပြိုင်မည့် မကွေးတိုင်း အေရိုးဗစ်လက်ရွေးစင်အသင်း လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှု အားပေးစကားများပြောကြားခဲ့ပြီး အာဟာရအားဖြည့် အစားအသောက်များ လှူဒါန်းပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၉.၉.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၂ ဦးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)တို့က အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် ပူးပေါင်းဖွင့်လှစ်သော အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အခြေခံဂဟေဆက်သင်တန်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။