သင်တန်းပို့ချခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် အိမ်တွင်းမှုကျောင်းနှင့်ပူးပေါင်း၍ ဂရိတ်ဖုသီးယိုပြုလုပ်နည်းကို သင်တန်းသူ ၁၀ ဦးအား သင်ကြားပေးခဲ့ပါသည်။
Myanmar Women and Children Development Foundation

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် အိမ်တွင်းမှုကျောင်းနှင့်ပူးပေါင်း၍ ဂရိတ်ဖုသီးယိုပြုလုပ်နည်းကို သင်တန်းသူ ၁၀ ဦးအား သင်ကြားပေးခဲ့ပါသည်။

၂၀.၉.၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၃ ဦးသည် မကွေးမြို့၊ တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်သော အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဖွင့်ပွဲ ပွဲစဉ်အနေဖြင့် မကွေးခရိုင်အသင်းနှင့် ပခုက္ကူခရိုင်အသင်းတို့ ဘောလုံးယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြပါသည်။ ထို့နောက် နေပြည်တော်သို့ သွားရောက် ယှဉ်ပြိုင်မည့် မကွေးတိုင်း အေရိုးဗစ်လက်ရွေးစင်အသင်း လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှု အားပေးစကားများပြောကြားခဲ့ပြီး အာဟာရအားဖြည့် အစားအသောက်များ လှူဒါန်းပေးအပ်ခဲ့ပါသည်။

၁၉.၉.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၂ ဦးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)တို့က အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် ပူးပေါင်းဖွင့်လှစ်သော အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အခြေခံဂဟေဆက်သင်တန်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၈.၉.၂၀၂၅ ရက်နေ့မှ ၁၂.၉.၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Child Protection Capacity Development : Strengthening Social Service Workforce, in Light of Disaster Risk Reduction and Climate Resilience (Phase 2) Training Program သင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

၈.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည် သည် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် “ဒစ်ဂျစ်တယ် ခေတ်ကိုလိုက်မီဖို့ စာတတ် မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းက သင်တန်းသူ (၂)ဦး တို့သည် ၂၇.၈.၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိဖွင့်လှစ်သည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။