စွမ်းရည်မြှင့်တင်ရေး

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၂၄.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ အ.ထ.က(၁၂) ကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသော နွေရာသီအင်္ဂလိပ်စာ(4-Skill) Pre-Intermediate level သင်တန်း (Talk Show)ပြိုင်ပွဲကို (MWCDF) အသင်း ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်၍ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့်အတူ ကျောင်းသား/သူများ၏ စကားပြောစွမ်းဆောင်ရည်များကိုကြည့်ရှုကာ အမှတ်ပေးစည်းမျဉ်းအတိုင်း အကဲဖြတ်ပြီး ထူးချွန်ကျောင်းသား/သူများအား ဆုများချီးမြှင့်‌ပေးရန် ရွေးချယ်ခဲ့ကြပါသည်။

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၂၇.၄.၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အ.ထ.က(၁၂)ကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသော နွေရာသီအင်္ဂလိပ်စာ(4-Skill) Pre-Intermediate level သင်တန်းရှိ သင်တန်းသား/သူများအား အသင်းဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးက ငလျင်ဒဏ်ခံစားဖူးတဲ့ ကလေးငယ်များကို ငလျင်လှုပ်ချိန်တွင် ဘယ်လိုနေထိုင်ခဲ့သလဲအမေးအဖြေပြုလုပ်ခဲ့ပြီး ထပ်မံ၍ငလျင်လှုပ်ပါက ငလျင်လှုပ်စဉ် ဘယ်လိုနေထိုင်ရမလဲဆိုသည့် ပညာပေး program ဝပ်… ကာ…ကိုင်…နည်း၊ Life triangle နည်းများကို သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းသား/သူများ အာဟာရရှိစေရေးအတွက် အသင်း ဒုဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များက ဘီစကစ်မုန့်များ၊ ကိတ်မုန့်အစုံနှင့် အအေးများတိုက်ကျွေးခြင်း အာဟာရကုသိုလ်ပြုခဲ့ကြပါသည်။ လှူဒါန်းငွေ ၂၂၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

၂၃.၄.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝဝ် ၃ ဦးသည် ပဲခူးတိုင်း၊  လူမှု၀န်ထမ်းဦးစီးဌာနက ဖွင့်လှစ်သော ပန်းစည်း၊ သတို့သမီးလက်ကိုင် ပန်းစည်းပန်းထိုးနည်း (၃)ရက်သင်တန်းကို ၂၃.၄.၂၀၂၅ ရက်နေ့မှ ၂၅.၄.၂၀၂၅ ရက်နေ့အထိ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၆.၃.၂၅  ရက်​နေ့​တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု့သက်​မွေး​လုပ်ငန်းပညာသင်​ကျောင်း၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်သည့် ဝါးလက်မှု့ပစ္စည်းများပြုလုပ်နည်းသင်တန်းဆင်းပွဲသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့်နှင့် အတွင်း​ရေးမှူး ဒေါ်ရီရီတင် တို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းပို့ချခြင်း

သင်တန်းပို့ချခြင်း

၄.၃.၂၅ ရက်နေ့တွင် ထားဝယ်မြို့ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်စမ်းရည်သည် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်သော ဗုဒ္ဓယဉ်ကျေးမှု အခြေပြုနွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းတွင် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပြိုင်ပွဲဝင်မည့် ကျောင်းသား/သူများအား  သင်ကြားပို့ချခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၇.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ သင်တန်းသား (၁)ဦးသည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ခြင်းတောင်းယက်သင်တန်းဆင်းပွဲအား ထားဝယ်မြို့၊ ယဉ်ငေး သာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်ဆင်းလက်မှတ် လက်ခံရယူခဲ့ပါသည်။ သင်တန်းသားများအား တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ မုန်နှင့် အချိုရည်များ ဧည့်ခံကျွေးမွေးခဲ့ရာ ကာလတန်ဖိုးငွေ (၅၀၀၀၀)ကျပ် ကျွေးမွေးလှူဒါန်းနိုင်ခဲ့ပါသည်။