စွမ်းရည်မြှင့်တင်ရေး

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

(၂၇. ၅. ၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူများအတွက် စတုတ္ထအကြိမ်မြောက်ဖွင့်လှစ်ပေးသည့် နွေရာသီအင်္ဂလိပ်စာ (Elementary Level)သင်တန်းနှင့် ဆရာ/မများအတွက် ပထမအကြိမ်မြောက် ဖွင့်လှစ်ပေးသည့် (Pre-Intermediate Level)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်းဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးမှ သင်တန်း ဆင်းအမှာစကားပြောကြားခြင်းနှင့် သင်တန်းတွင် ထူးချွန်စွာအောင်မြင်၍ ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။ အသင်းမှ ဖွင့်လှစ်သည့် နွေရာသီ အင်္ဂလိပ်စာသင်တန်းတွင် သင်ကြားပြသခဲ့သော ဆရာဦးမင်းစိုးသူရ နှင့် ဆရာမဒေါ်ဇင်မာမျိုးအား အသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေသော သင်တန်းသား/သူများနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်း

နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေသော သင်တန်းသား/သူများနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်း

(၁၃.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှကြီးမှူး၍ ဖွင့်လှစ်သော နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေကြသည့် ဆရာ/မ(၁၆)ဦး၊ ကျောင်းသား/သူ(၃၆)ဦးနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခဲ့ပါသည်။ အမျိုးသားပြတိုက်မှ တာဝန်ရှိသူများကလည်း အခန်းအလိုက်ထားရှိသော အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့်ဆုနှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားသို့လှူဒါန်းခြင်း

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့်ဆုနှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားသို့လှူဒါန်းခြင်း

MWCDFအသင်းမှ အဖွဲ့ဝင်များသည် (၄.၄.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲနှင့် ဆုနှင်းသဘင်ပွဲကျင်းပရာ အခမ်းအနားသို့ တက်ရောက်၍ စာရေးကိရိယာများ၊ အလှူငွေများအား ကျောင်းထိုင်ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းသင်ကြားပို့ချခြင်း

နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းသင်ကြားပို့ချခြင်း

၂၀၁၈ခုနှစ်၊ မတ်လအတွင်း နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းကို အ.ထ.က(၁၂)ချင်းရွာ၊ အ.မ.က(၃)၊ အ.မ.က(သစ်ဝင်တိုင်း)၊ အ.လ.က(ဗိုလ်ရွေး)မှ ဆရာ/မများ၊ MWCDFရုံးအဖွဲ့ စုစုပေါင်း(၂၅)ဦးအား သင်တန်းဆရာမှ အင်္ဂလိပ်စာသင်ခန်းစာများ သင်ကြားပို့ချဆွေးနွေးနေခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းသင်ကြားပို့ချခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းသင်ကြားပို့ချခြင်း

၂၀၁၈ခုနှစ်၊ မတ်လအတွင်း နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းကို အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူ (၄၀)ဦးအား သင်တန်းဆရာမှ အင်္ဂလိပ်စာသင်ခန်းစာများ သင်ကြားပို့ချနေခြင်း

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကျင်းပခြင်း

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကျင်းပခြင်း

(၂၄.၃.၂၀၁၈)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ MWCDF(ရုံးချုပ်)၌ နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(၁၂)၊ အ.မ.က(၃)၊ သစ်ဝင်တိုင်းရွာ(အ.မ.က)၊ အ.လ.က(ဗိုလ်ရွေး)ကျောင်းတို့မှ ကျောင်းဆရာ/မ(၂၅)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် MWCDFအသင်း ဒုတိယဥက္ကဋ္ဌဒေါ်စုညွန့်ဦးမှ နှုတ်ခွန်းဆက် အမှာစကားပြော ကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်မေမြင့်မောင်မှ အသင်းအကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းဆရာဦးမင်းစိုးသူရမှလည်း မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး သင်တန်း တက်ရောက်သော ဆရာ/မများနှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။