စွမ်းရည်မြှင့်တင်ရေး

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

(၁၀.၃.၂၀၁၈)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ MWCDF(ရုံးချုပ်)၌ စတုတ္ထအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူ(၄၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် MWCDFအသင်း ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး        ဒေါ်မေမြင့်မောင်မှ အသင်းအကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခြင်း၊ အ.ထ.က(၁၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်လှမှ အမှာစကားပြောကြားခြင်းနှင့် သင်တန်းဆရာ       ဦးမင်းစိုးသူရမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး၍    သင်တန်းအား ဆက်လက်သင်ကြားခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

(၂၁.၅.၂၀၁၇)ရက်နေ့တွင် နေပြည်တော် MWCDFရုံးချုပ်၊ ကုမုဒြာခန်းမတွင် တတိယအကြိမ်မြောက် ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ (Intermediate Level) သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အသင်းဥက္ကဋ္ဌမှနွေရာသီအင်္ဂလိပ်စာသင်တန်းတိုးတက်မှုအခြေအနေအားကြည့်ရှုခြင်း

အသင်းဥက္ကဋ္ဌမှနွေရာသီအင်္ဂလိပ်စာသင်တန်းတိုးတက်မှုအခြေအနေအားကြည့်ရှုခြင်း

(၃၀.၄.၂၀၁၇) MWCDFရုံးချုပ်၊ နေပြည်တော်၌ ဖွင့်လှစ်ထားသော နွေရာသီအင်္ဂလိပ််စာသင် တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများအား အသင်းဥက္ကဋ္ဌမှ ရင်းရင်းနှီးနှီး တွေ့ဆုံကာ သင်တန်းတက်ရောက်မှုအပေါ် တိုးတက်မှုအခြေအနေများအား မေးမြန်းခြင်းနှင့် ကြိုးစားသင်ကြားကြ ရန် မှာကြားခဲ့ပြီး ရေခဲကိတ်မုန့်များ၊ ဖာလူဒါများဖြင့် အာဟာရဒါနပြုခဲ့ပါသည်။

Youth Leadership and Personality Development Program(Batch-5)သင်တန်းဆင်းပွဲအခမ်းအနား

Youth Leadership and Personality Development Program(Batch-5)သင်တန်းဆင်းပွဲအခမ်းအနား

(၆.၁၂.၂၀၁၆)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) နေပြည်တော် ရုံးချုပ်၌ (၂.၁၂.၂၀၁၆ မှ ၆.၁၂.၂၀၁၆ထိ) (၅)ရက်ကြာဖွင့်လှစ်ခဲ့သည့် လူငယ်ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့်ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းဆိုင်ရာ(အမှတ်စဉ်-၅)သင်တန်းဆင်းပွဲအခမ်းအနားကို အသင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ CECများနှင့်အဖွဲ့ဝင်များ၊ သင်တန်းဆရာများ၊ သင်တန်းသား/သူ (၄၀)ဦးတို့တက်ရောက်ခဲ့ပြီး အသင်းဥက္ကဌမှ သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပေးခြင်းနှင့် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းတို့ ပြုလုပ်ကျင်းပခဲ့ပါသည်။ သင်တန်းသား/သူများနှင့်လည်း အမှတ်တရ ဓါတ်ပုံများရိုက်ကူးပြီး သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။