စွမ်းရည်မြှင့်တင်ရေး

စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များမှ ကူညီထောက်ပံ့ပေးရန် လိုအပ်လျက်ရှိသော အိမ်ထောင်စုများအား သွားရောက်လှူဒါန်းခြင်း၊ ကျေးရွာသူ/သားများအတွက် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းနှင့် ဖန်စီအိတ်ထိုးနည်းသင်တန်း ဖွင့်လှစ်ပေးခြင်း

(၁၄.၉.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာရှိ ထောက်ပံ့မှုပေးရန် လိုအပ်သော မိသားစုများ၊ အဖိုးအဖွားများအား အဝတ်အထည်နှင့် ပလတ်စတစ်ခြင်းများ -(၂၀,၀၀၀)ကျပ်ဖိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းအား သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးခဲ့ရာ လိုအပ်သော ပစ္စည်းများ -(၃၀,၀၀၀)ကျပ်ဖိုး လှူဒါန်းခဲ့ပါသည်။ ဆပ်ပြာကျင်းကျေးရွာတွင် ဖန်စီအိတ်ထိုးနည်း သင်တန်းအားလည်း သင်တန်းသူ(၂၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ လိုအပ်သောပစ္စည်းများ (၆၀,၀၀၀)ကျပ်ဖိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။

MMCWA အသင်းမှဖိတ်ကြားသော ဆယ်အိမ်စုမှူးနည်းပြသင်တန်း(ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

MMCWA အသင်းမှဖိတ်ကြားသော ဆယ်အိမ်စုမှူးနည်းပြသင်တန်း(ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

(၁၁.၉.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA)မှ ကြီးမှူးကျင်းပမည့် “ဆယ်အိမ်စုမှူးနည်းပြသင်တန်း(ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနား” သို့ MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ရောက်ခဲ့ပါသည်။

မန္တလေးတိုင်းအဖွဲ့ဝင်များမှ ရွှေဂူနီပရဟိတသင်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မန္တလေးတိုင်းအဖွဲ့ဝင်များမှ ရွှေဂူနီပရဟိတသင်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၈.၂၀၁၈)နေ့တွင် မန္တလေးတိုင်း MWCDF အဖွဲ့ဝင်များသည် မန္တလေးမြို့၊ ရန်ကင်းတောင်ခြေအနီးရှိ သာခိုတောင်တန်းတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်ရွှေဂူနီပရဟိတ သင်တန်ကျောင်းသို့ သွားရောက်၍ ကျောင်းတွင် နေထိုင်ပညာသင်ယူလျက်ရှိကြသော ကိုရင်/သီလရှင်များ စုစုပေါင်း(၈၀)ပါးအတွက် ဆန်(၄)အိတ်၊ ဆီ(၂၀)ပိသာ၊ ဗလာစာအုပ်(၅)ဒါဇင်၊ ဘောပင်(၁၀၀)ချောင်း၊ အချိုရည်(၂)ဖါ စုစုပေါင်း-(၁၈၁,၀၀၀)ကျပ်ဖိုးအား ကျောင်းထိုင်ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

(၂၇. ၅. ၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူများအတွက် စတုတ္ထအကြိမ်မြောက်ဖွင့်လှစ်ပေးသည့် နွေရာသီအင်္ဂလိပ်စာ (Elementary Level)သင်တန်းနှင့် ဆရာ/မများအတွက် ပထမအကြိမ်မြောက် ဖွင့်လှစ်ပေးသည့် (Pre-Intermediate Level)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်းဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးမှ သင်တန်း ဆင်းအမှာစကားပြောကြားခြင်းနှင့် သင်တန်းတွင် ထူးချွန်စွာအောင်မြင်၍ ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။ အသင်းမှ ဖွင့်လှစ်သည့် နွေရာသီ အင်္ဂလိပ်စာသင်တန်းတွင် သင်ကြားပြသခဲ့သော ဆရာဦးမင်းစိုးသူရ နှင့် ဆရာမဒေါ်ဇင်မာမျိုးအား အသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေသော သင်တန်းသား/သူများနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်း

နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေသော သင်တန်းသား/သူများနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်း

(၁၃.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှကြီးမှူး၍ ဖွင့်လှစ်သော နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေကြသည့် ဆရာ/မ(၁၆)ဦး၊ ကျောင်းသား/သူ(၃၆)ဦးနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခဲ့ပါသည်။ အမျိုးသားပြတိုက်မှ တာဝန်ရှိသူများကလည်း အခန်းအလိုက်ထားရှိသော အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့်ဆုနှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားသို့လှူဒါန်းခြင်း

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့်ဆုနှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားသို့လှူဒါန်းခြင်း

MWCDFအသင်းမှ အဖွဲ့ဝင်များသည် (၄.၄.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲနှင့် ဆုနှင်းသဘင်ပွဲကျင်းပရာ အခမ်းအနားသို့ တက်ရောက်၍ စာရေးကိရိယာများ၊ အလှူငွေများအား ကျောင်းထိုင်ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။