စွမ်းရည်မြှင့်တင်ရေး

အခြေခံသင်တန်းတက်ရောက်ခြင်း

အခြေခံသင်တန်းတက်ရောက်ခြင်း

၁၅.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ အသင်းဝင် ၂ ဦးသည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော အသက် (၃)နှစ်မှ (၅)နှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) အခြေခံသင်တန်းကို ၁၅.၈.၂၀၂၅ ရက်နေ့မှ ၄.၉.၂၀၂၅ ရက်နေ့အထိ တက်ရောက်သွားမည် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၆)ဦးသည် ထားဝယ်မြို့ မြိုမယဉ်ငေးဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းမှ ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ၌ ထူးချွန်သူများအား ထူးချွန်ဆုပေးအပ်ပွဲနှင့် ၃၈ ဖြာမင်္ဂလာစာအုပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မုန့်များ၊ ရေသန့်များ ကျွေးမွေးအလှူဒါနပြုခဲ့ပါသည်။ အခမ်းအနားတွင် ဆုချီးမြှင့်ပွဲနှင့် စာမေးပွဲကျင်းပစဉ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သော မိမိတို့အသင်းဝင်(၅)ဦးကို ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းက ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်​နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၅)ဦးသည် ပုသိမ်မြို့၊ မြို့​တော်ခန်းမတွင် ဧရာဝတီတိုင်း​ဒေသကြီးမိခင်နှင့်က​လေး​စောင့်​ရှောက်မှုကြီးကြပ်​ရေးအဖွဲ့က ကျင်းပပြုလုပ်သည့် “ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ် တန်ဖိုးသင့်အာဟာရအချက်အပြုတ်ပြိုင်ပွဲ” သို့ တက်​ရောက်ခဲ့ပါသည်။

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

၁.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ဗလမင်းထင်ကျောင်းတိုက်တွင် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျင်းပသော တစ်ကိုယ်ရေသုံး ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ အဝတ်လျှော်မွှေးရည်အစုံရှိ အမျိုးရေပေါင်း (၁၃)မျိုး သင်တန်းဆင်းပွဲကျင်းပရာ ကချင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် အသင်းမှ ဒံပေါက်ထမင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် ကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ကုန်ကျငွေ-(၉၅၀၀၀၀)ကျပ် ဖြစ်ပါသည်။

ဆုလက်ခံရရှိခြင်း

ဆုလက်ခံရရှိခြင်း

(၂၁.၇.၂၀၂၅)ရက်နေ့တွင် ပဲခူးမြို့အထက(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ မှ “စာဖတ်ခြင်းဖြင့် မိမိဘ၀ကိုမြှင့်တင်ပါ” ခေါင်းစဉ်ဖြင့်ဟောပြောပေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေကိုပေးအပ်ရာ MWCDF တိုင်း ဥက္ကဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင် ပဲခူး အမျိုးသားစာပေဆုရှင်)က ဆုလက်ခံရရှိခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၆.၇.၂၀၂၅ ရက်နေ့တွင်  နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ မှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးငယ်များ တဖက်တလမ်းမှ ဝင်ငွေရရှိနိုင်ရန်အတွက် အခြေခံပန်းထိုးသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။