စွမ်းရည်မြှင့်တင်ရေး

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၈.၉.၂၀၂၅ ရက်နေ့မှ ၁၂.၉.၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Child Protection Capacity Development : Strengthening Social Service Workforce, in Light of Disaster Risk Reduction and Climate Resilience (Phase 2) Training Program သင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည် သည် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်  “ဒစ်ဂျစ်တယ် ခေတ်ကိုလိုက်မီဖို့ စာတတ် မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းက သင်တန်းသူ (၂)ဦး တို့သည် ၂၇.၈.၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိဖွင့်လှစ်သည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

အခြေခံသင်တန်းတက်ရောက်ခြင်း

အခြေခံသင်တန်းတက်ရောက်ခြင်း

၁၅.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ အသင်းဝင် ၂ ဦးသည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော အသက် (၃)နှစ်မှ (၅)နှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) အခြေခံသင်တန်းကို ၁၅.၈.၂၀၂၅ ရက်နေ့မှ ၄.၉.၂၀၂၅ ရက်နေ့အထိ တက်ရောက်သွားမည် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၆)ဦးသည် ထားဝယ်မြို့ မြိုမယဉ်ငေးဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းမှ ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ၌ ထူးချွန်သူများအား ထူးချွန်ဆုပေးအပ်ပွဲနှင့် ၃၈ ဖြာမင်္ဂလာစာအုပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မုန့်များ၊ ရေသန့်များ ကျွေးမွေးအလှူဒါနပြုခဲ့ပါသည်။ အခမ်းအနားတွင် ဆုချီးမြှင့်ပွဲနှင့် စာမေးပွဲကျင်းပစဉ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သော မိမိတို့အသင်းဝင်(၅)ဦးကို ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းက ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်​နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၅)ဦးသည် ပုသိမ်မြို့၊ မြို့​တော်ခန်းမတွင် ဧရာဝတီတိုင်း​ဒေသကြီးမိခင်နှင့်က​လေး​စောင့်​ရှောက်မှုကြီးကြပ်​ရေးအဖွဲ့က ကျင်းပပြုလုပ်သည့် “ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ် တန်ဖိုးသင့်အာဟာရအချက်အပြုတ်ပြိုင်ပွဲ” သို့ တက်​ရောက်ခဲ့ပါသည်။