စွမ်းရည်မြှင့်တင်ရေး

နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းသင်ကြားပို့ချခြင်း

နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းသင်ကြားပို့ချခြင်း

၂၀၁၈ခုနှစ်၊ မတ်လအတွင်း နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းကို အ.ထ.က(၁၂)ချင်းရွာ၊ အ.မ.က(၃)၊ အ.မ.က(သစ်ဝင်တိုင်း)၊ အ.လ.က(ဗိုလ်ရွေး)မှ ဆရာ/မများ၊ MWCDFရုံးအဖွဲ့ စုစုပေါင်း(၂၅)ဦးအား သင်တန်းဆရာမှ အင်္ဂလိပ်စာသင်ခန်းစာများ သင်ကြားပို့ချဆွေးနွေးနေခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းသင်ကြားပို့ချခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းသင်ကြားပို့ချခြင်း

၂၀၁၈ခုနှစ်၊ မတ်လအတွင်း နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းကို အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူ (၄၀)ဦးအား သင်တန်းဆရာမှ အင်္ဂလိပ်စာသင်ခန်းစာများ သင်ကြားပို့ချနေခြင်း

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကျင်းပခြင်း

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကျင်းပခြင်း

(၂၄.၃.၂၀၁၈)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ MWCDF(ရုံးချုပ်)၌ နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(၁၂)၊ အ.မ.က(၃)၊ သစ်ဝင်တိုင်းရွာ(အ.မ.က)၊ အ.လ.က(ဗိုလ်ရွေး)ကျောင်းတို့မှ ကျောင်းဆရာ/မ(၂၅)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် MWCDFအသင်း ဒုတိယဥက္ကဋ္ဌဒေါ်စုညွန့်ဦးမှ နှုတ်ခွန်းဆက် အမှာစကားပြော ကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်မေမြင့်မောင်မှ အသင်းအကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းဆရာဦးမင်းစိုးသူရမှလည်း မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး သင်တန်း တက်ရောက်သော ဆရာ/မများနှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

(၁၀.၃.၂၀၁၈)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ MWCDF(ရုံးချုပ်)၌ စတုတ္ထအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူ(၄၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် MWCDFအသင်း ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး        ဒေါ်မေမြင့်မောင်မှ အသင်းအကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခြင်း၊ အ.ထ.က(၁၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်လှမှ အမှာစကားပြောကြားခြင်းနှင့် သင်တန်းဆရာ       ဦးမင်းစိုးသူရမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး၍    သင်တန်းအား ဆက်လက်သင်ကြားခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

(၂၁.၅.၂၀၁၇)ရက်နေ့တွင် နေပြည်တော် MWCDFရုံးချုပ်၊ ကုမုဒြာခန်းမတွင် တတိယအကြိမ်မြောက် ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ (Intermediate Level) သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အသင်းဥက္ကဋ္ဌမှနွေရာသီအင်္ဂလိပ်စာသင်တန်းတိုးတက်မှုအခြေအနေအားကြည့်ရှုခြင်း

အသင်းဥက္ကဋ္ဌမှနွေရာသီအင်္ဂလိပ်စာသင်တန်းတိုးတက်မှုအခြေအနေအားကြည့်ရှုခြင်း

(၃၀.၄.၂၀၁၇) MWCDFရုံးချုပ်၊ နေပြည်တော်၌ ဖွင့်လှစ်ထားသော နွေရာသီအင်္ဂလိပ််စာသင် တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများအား အသင်းဥက္ကဋ္ဌမှ ရင်းရင်းနှီးနှီး တွေ့ဆုံကာ သင်တန်းတက်ရောက်မှုအပေါ် တိုးတက်မှုအခြေအနေများအား မေးမြန်းခြင်းနှင့် ကြိုးစားသင်ကြားကြ ရန် မှာကြားခဲ့ပြီး ရေခဲကိတ်မုန့်များ၊ ဖာလူဒါများဖြင့် အာဟာရဒါနပြုခဲ့ပါသည်။